သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-03
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံရွာထဲမှာ မနေ့ညက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ပစ်ခတ်မှုတွေကြောင့် ပန်လုံရွာသားနှစ်ဦး သေနတ်ဒဏ်ရာရခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။
2018-09-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒဂုံမြို့နယ် အလုပ်အမှုဆောင်တာဝန်ကနေ ရပ်စဲခံလိုက်ရပေမယ့် ရွေးကောက်ပွဲတွေမှာလည်း NLD ပါတီကို ဆက်လက်ဝန်းရံသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
2018-09-02
ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ အစည်းအဝေးကို လာမယ့် စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တို့မှာ တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အစိုးရက ခွင့်မပြုတဲ့အတွက် ယာယီ ရွှေ့ဆိုင်းထားလိုက်ရပါတယ်။
2018-09-02
ကယားပြည်နယ်က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ လုပ်မယ်ဆိုရင် ၁၅ ရက်ကြိုပြီး အစိုးရကို ခွင့်ပြုချက်တင်ဖို့ ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။
2018-08-31
ဆွာရေလှောင်တမံ ကျိုးပျက်မှုကြောင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာချောင်းတလျှောက်က ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်းနဲ့၊ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ ရေးသားနေသလို လူဆယ်ဂဏန်းကျော် သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ ရေတာရှည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ပြောပါတယ်။ လောလောဆယ် ရေဘေးဒုက္ခသည်တချို့ နေရပ်ပြန်နေကြပြီး ဆွာချောင်းတလျှောက်မှာလည်း ရေဘေးစိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောပါတယ်။
2018-08-31
စစ်တောင်းမြစ်ရေ တက်လာတာဟာ ပုံမှန် မိုးရွာတာကြောင့်မဟုတ်ဘဲ ဆွာရေလှောင်တမံက ကျလာတဲ့ ရေတွေကြောင့် ရုတ်တရက် တက်လာတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
2018-08-31
ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ရင် စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပြီး ကမ္ဘာစစ်ဖြစ်ရင်တောင် ကျည်ဆံကျခွင့်မရှိတဲ့ အခွင့်အရေးမျိုူးရမှာဖြစ်ပါတယ်။ ကုလပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က လာရောက် စစ်ဆေးတော့မယ့်အချိန်မှာ ပုဂံအမွေအနှစ်စီမံခန့်ခွဲရေးကော်မီတီရဲ့မူဝါဒတွေကြောင့် ပုဂံဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ အခက်အခဲတွေကြုံရနိုင်တဲ့အတွက် မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းက ကြေငြာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-31
ဆွာရေလှောင်တမံ ကျိုးပေါက်ပြီး ရေလွှမ်းမိုးခံခဲ့ရတဲ့ ကျေးရွာတွေမှာ စပါးခင်းတွေ ပျက်စီးသွားသလို၊ လယ်မြေတွေ သဲတွေနုံးတွေ ဖုံးလွှမ်းပျက်စီးသွားတဲ့အတွက် အစိုးရချေးငွေနဲ့ ရင်းနှီးလုပ်ကိုင်ခဲ့ရတဲ့ လယ်သမားတွေ အထိအနာဆုံးဖြစ်နေပြီလို့ သိရပါတယ်။
2018-08-30
မြန်မာနိုင်ငံမှာ ဆည်တွေ တည်ဆောက်ချိန်တုန်းက နည်းပညာ အားနည်းသလို၊ တည်ဆောက်ပြီးနောက်ပိုင်းမှာလည်း ပြုပြင်ထိန်းသိမ်းမှု မရှိသလောက် ဖြစ်နေတဲ့အတွက် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်တာကို သင်ခန်းစာယူပြီး ဧရာဝတီ မြစ်ဆုံရေကာတာကြီးအတွက် စဉ်းစားသင့်တယ်လို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။
2018-08-30
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာအစိုးရဘက်ကသာ အကူအညီပေးဖို့ နှစ်နိုင်ငံအစိုးရအကြား သဘောတူထားကြပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်ကို လက်တွေ့ အကောင်အထည် မဖော်ရသေးဘူးလို့ သိရပါတယ်။
2018-08-30
အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ရခိုင်အမျိုးသားပါတီ ANP ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်စာတမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပေမယ့် ပါတီအနေနဲ့ ပြန်လည်ပြင်ဆင်ပေးမှာမဟုတ်ဘူးလို့ ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
2018-08-30
ရန်ကုန်-နေပြည်တော် အမြန်လမ်းနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း ရေမြုပ်နေတာကြောင့် ရန်ကုန်ကနေ နေပြည်တော်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းကို သွားမယ့် ခရီးစဉ်တွေအတွက် ငွေပြန်အမ်းတာ၊ ရက်ရွှေ့ဆိုင်းတာတွေ စီစဉ်ပေးနေတယ်လို့ မြတ်မန္တလာထွန်းကားဂိတ် ဥက္ကဌ ဦးအေးဇင် က ပြောပါတယ်။
2018-08-30
ပဲခူးတိုင်းဒေသကြီး ဆွာမြို့က ဆွာရေလှောင်တမံ ရေပိုလွှဲက ရေလွှတ်တာကြောင့် အိမ်ထောင်စု ၆ သောင်း ၃ ထောင်ကျော် ရေနစ်မြုပ်ပြီး လူ ၇ ယောက် ရေစီးနဲ့ မျောပါသွားတယ်လို့ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော် က ပြောပါတယ်။
2018-08-30
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးပြီးနောက်ပိုင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆက်ဆံရေးဟာ အရင်လောက် မကောင်းတော့ဘူးလို့ UNFC ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။
2018-08-29
ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က တောင်ကြီးမြို့မှာ စက်တင်ဘာလဆန်း ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို မပြုလုပ်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က တားမြစ်ပိတ်ပင်လိုက်တဲ့အကြောင်းနဲ့ ပတ်သက်လို့ SNLD ပါတီအတွင်းရေးမှူး စိုင်းကျော်ညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။