သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-09
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၃ နှစ်ပြည့်တဲ့ သြဂုတ် ၈ ရက် မနေ့ညပိုင်းက မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင်တဲ့ ထောင်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားအချို့ ရိုက်နှက်တိုက်ပိတ်ခံရတယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။
2021-08-07
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် လူမှုရေး စီးပွားရေး အကျပ်အတည်းတွေအပြင် လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါတတိယလှိုင်းကြောင့် လူအများ အသက်သေဆုံး ရတာတွေကြောင့် ပြည်သူတွေဟာ စိတ်ပူပန်မှုတွေ စိတ်ဖိစီးမှုတွေ ပိုပြီးများလာနေတာကို တွေ့နေရပါတယ်။
2021-08-07
ဝ အမျိုးသားပါတီ WNP က သြဂုတ်လ ၆ ရက် မနေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံကြောင်း ၂၈ ပါတီ ကြေညာချက်မှာ သူတို့ ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် က ပါဝင်လက်မှတ်ထိုးခဲ့တာဟာ သူတစ်ဦးတည်းရဲ့ သဘောထားဖြစ်တဲ့အတွက် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။
2021-08-07
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား နှစ်ဦးကို အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ FBI က အခု ဖမ်းဆီး စစ်ဆေးနေပါတယ်။
2021-08-04
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး အခုအချိန်မှာ ပြင်ပနဲ့ ဆက်စပ်ထိတွေ့မှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့ လိုအပ်ပါတယ်လို့ အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က ပြောကြားလိုက်ပါတယ်။
2021-08-04
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို လက်နက်ကိုင်တော်လှန်မယ်ဆိုပြီး နယ်စပ်တစ်နေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တစ်ဦးက စစ်အာဏာရှင်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုပေါင်းတိုက်ပွဲဝင်မယ့်ရက် နီးကပ်လာပြီလို့ ဒီကနေ့ ဩဂုတ် ၄ ရက်နေ့မှာ RFA က ဆက်သွယ်မေးမြန်းစဉ် ပြောလိုက်ပါတယ်။
2021-08-03
အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပါတယ်။ ဆရာတော့်ကို အာဏာမသိမ်းခင် စစ်တပ်က ပုဒ်မနဲ့ အမှုဖွင့်ပြီး အာမခံပေးထားတာ ဖြစ်ပါတယ်။
2021-08-03
တိုင်းရင်းသားဒေသတချို့မှာ ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ရရှိနိုင်အောင် နယ်စပ်အခြေစိုက် တိုင်းရင်းသားအဖွဲ့တွေက စစ်ကောင်စီရဲ့ အကူအညီအပါဘဲ ကြိုးပမ်းနေကြတယ်လို့ ထိုင်းမြန်မာ နယ်စပ်မဲဆောက်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။
2021-08-01
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ဘေးရှောင်ရင်း ဒေသခံရွာသား ၁၂ ယောက်တို့ရဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ မနေ့က ဇူလိုင် ၃၁ ရက်မှာ ရွာသားတွေက ရှာဖွေတွေ့ခဲ့ရပါတယ်။ အဲဒီထဲက ညီအစ်ကို အရင်း သုံးယောက်တို့လည်း ပါဝင်ခဲ့ပါတယ်။ သူတို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကို မေးမြန်းထားပါတယ်။
2021-07-30
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေဟာ အခြားရွေးချယ်စရာ မရှိတဲ့ အခြေအနေရောက်မှ သူတိုရဲ့ လုပ်ရပ်တွေကို ရပ်တန့်လိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက RFA မြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းရာမှာ ပြောပါတယ်
2021-07-29
မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်ထဲက ဘုန်းကြီးကျောင်းသုံးကျောင်းကို အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေ မနေ့ကညနေ ၃ နာရီကျော်က၊ ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဆရာတော်နှစ်ပါးနဲ့ လူနှစ်ယောက်ကို ဖမ်းသွားပါတယ်။ အဲဒီမှာ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က မနေ့ညကကြေညာပါတယ်။
2021-07-27
မန္တလေးမြို့ မဟာမုနိဘုရားကြီးရှေ့မှာ ဇူလိုင် ၂၇ ရက် မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်း အကြမ်းဖက်ပစ်ခတ်ခံခဲ့ရတဲ့အတွက် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး ငါးဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။
2021-07-26
မြန်မာပြည်က ကိုဗစ်ဖြစ်ပွားမှု တိုက်ဖျက်ရေး နိုင်ငံတကာဝင်ရောက်ကူညီမယ့် အခြေအနေ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေ၊ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကုလနဲ့ နိုင်ငံတကာ အသိအမှတ်ပြုရေး စတာတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2021-07-25
နေအိမ်တွေမှာ ကုသနေရတဲ့ ကိုဗစ်လူနာတွေအနေနဲ့ ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ နီးစပ်ရာဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသနည်းလမ်းယူကြဖို့ ရန်ကုန်မြို့က ဆရာဝန်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။
2021-07-22
ဒီနေ့ ဇူလိုင် ၂၂ ရက်ဟာ မကွေးအကျဉ်းထောင်ထဲက အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ရဲ့ ၂၃ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ကိုလျှံဖြိုးအောင်ဟာ မျက်ကြည်လွှာ အစားထိုးဖို့နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ခန္ဓာကိုယ်အတွင်း ခဲဆိပ်တွေပျံ့နေလို့ အမြန်ခွဲစိတ်ဖို့လိုအပ်နေတဲ့သူပါ။ မွေးနေ့ရှင်မပါတဲ့မွေးနေ့မှာ သူ့အတွက် ရည်စူးပြီး ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းတွေမှာ အစာအာဟာရဒါနနဲ့ အောက်ဆီဂျင်ဒါနတွေကို မိသားစုက လှူဒါန်းပေးနေကြပါတယ်။