သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-30
မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှု ဥယျာဉ်မြို့တော် စီမံကိန်းနယ်မြေထဲမှာ မနေ့ က တောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ NLD ပါတီဝင်နှစ်ဦးကို ရဲကဖမ်းဆီးပြီး ပုဒ်မ ၁၄၃ ၊ ၁၄၇ ဥပဒေနဲ့မညီတဲ့ စုဝေးခြင်း ၊ ၅ဝ၅ (ခ)အများပြည်သူ စိုးရိမ်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
2015-04-30
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) ဌာနချုပ်မှာ မေလ ၁ ရက်နေ့ကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်တဲ့ ညီလာခံ ကျင်းပတော့မှာဖြစ်ပါတယ်။
2015-04-27
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း စဉ်တွေကို ချမှတ်နိုင်မယ်ဆိုရင် ဖွဲ့စည်းပုံကို အချိန် မီပြင်ဆင်နိုင်မှာ ဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးကိုလဲ အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ် လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက သုံးသပ်ပြောဆိုပါတယ်။
2015-04-26
တောင်ကြီးမြို့မှာ နံပါတ်တုတ်တွေကိုင်ဆောင် ပြီး ပြောက်ကျားအကျီၤတွေ ဝတ်ဆင်ထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအဖွဲ့ဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံ ဆိုတာ ဖြေရှင်းပေးဖို့ ဒေသခံတွေက အစိုးရကို တိုင်ကြားသွားမယ်လို့သိရပါတယ်။
2015-04-26
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် (AA ) တို့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
2015-04-26
မန္တလေးတိုင်းဒေသကြီး၊ စဉ်ကိုင်မြို့နယ်၊ ရှမ်း ကန်ကျေးရွာမှာ သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံနေပြီး အသက် ၁၄ နှစ်အောက် ကလေးငယ် အယောက် ၇၀ လောက် ကျောက်ဆည်နဲ့ စဉ်ကိုင်မြို့က ဆေး ရုံတွေမှာ ဆေးကုသမှုခံယူနေရပါတယ်။
2015-04-25
ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် နဲ့ တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက အိုးဝေပညာဒါနကျောင်း တည်ထောင်ပြီး ဆင်းရဲနွမ်း ပါးတဲ့ အထက်တန်းကျောင်းသားတချို့ကို ပညာ သင်ပေးနေတာရှိပါတယ်။
2015-04-23
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ် ပျက်စီးဆုံးရှုံးခဲ့တဲ့ ကမန်တိုင်းရင်းသားတွေ အတွက် ပြန်လည်နေရာချထားရေးကို ဆောင် ရွက်ပေးဖို့ ကမန်အမျိုးသားတိုးတက်ရေးပါတီက ရခိုင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထား ပါတယ်။
2015-04-22
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်လောက်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာမှာ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ ဝင်တွေ နဲ့ ဒေသခံတွေ အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ မှာ သေနတ်ထိမှန် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်း အမှုကို ဆားလင်းကြီးမြို့မ ရဲစခန်း က ဒုရဲမှူးသန်းနိုင်က တရားလိုလုပ်ပြီး လူသတ်မှုအဖြစ် အမှုဖွင့်လိုက် ပါတယ်။
2015-04-21
၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာချုပ် ပန်ဆန်းမြို့မှာ လာမယ့် မေလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် ညီလာခံ ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တိုင်းရင်းသားအဖွဲ့တွေ ရဲ့ ညီလာခံမဟုတ်ကြောင်း ကချင် လွတ်မြောက်ရေးတပ်မတော် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
2015-04-21
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီး တဝိုက်မှာ ပြီးခဲ့တဲ ဖေဖော်ဝါရီလက စတင်ဖြစ်ပွား ခဲ့တဲ့ အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို လောက်ကိုင်မြို့မှာ ပြန် လည်နေရာချထားပေးဖို့ ပြင်ဆင်နေပါတယ်။
2015-04-20
မန္တလေးမြို့ရှိ နိုင်ငံခြားဘာသာသင်တက္ကသိုလ်က အင်္ဂလိပ်စာတတိယနှစ် ကျောင်းသူ မလှိုင်နှင်းဦးနဲ့ သူ့မိခင်ကို ရဲတပ်ဖွဲ့ဝင်တချို့ က စစ်ကိုင်းမြို့ဈေးထဲမှာ ဒီလ ၁၂ ရက်နေ့က ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား ပြီးမှ လူမှားပြီးဖမ်းမိကြောင်းပြောကာ ပြန်လွတ်ပေး ခဲ့ပါတယ်။
2015-04-19
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဘဏ်များ နဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်သောင်းနဲ့ အဖွဲ့ဝင်တွေဟာ ဂျာမဏီနိုင်ငံမှာ ဘဏ်နဲ့ ငွေကြေးဆိုင်ရာတွေ ကိုလေ့လာဖို့ ဒီနေ့ရန်ကုန်ကနေ ထွက်ခွာသွား ပါတယ်။
2015-04-18
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကနေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို ပါတီပြောင်းလိုက်တာကြောင့် မိုးမောက် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြမောင်ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကနေ ပြန်ရုတ်သိမ်းဖို့ ဒေသခံ ၉၀၀ ကျော် က ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းထား ပါတယ်။
2015-04-18
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အဖွဲ့ဝင် ၃ ဦးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တေ့ွဆုံဆွေးနွေးခဲ့ပါတယ်။