သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-30
ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ ထိုးစစ်ဆင်တိုက်ခိုက် တာတွေ၊ လက်နက်ကြီး အသုံးပြုတာတွေကို မလုပ်ဖို့တောင်းဆိုကြောင်း အရေးကြီးအဆိုကို မနေ့ကကျင်းပခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2016-09-30
ချင်းတွင်းမြစ်ထဲကို စီးဆင်းခဲ့တဲ့ ရေမဲတွေမှာ ခဲပါဝင်မှုလုံးဝမရှိဘဲ ခဲဓာတ်နဲ့ ဆင်တူတဲ့ ဂရဖိုက် (Graphite) ဆိုတဲ့ ကာဗွန်ဓာတ်တစ်မျိုးသာ ပါဝင်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2016-09-29
ဆေးဝါးအတုတွေ ဈေးကွက်ထဲမှာရှိနေတဲ့အတွက် FDA မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဦးစီးဌာနရဲ့ ထောက်ခံချက်ပါတဲ့ဆေးဝါးတွေ ကိုသာ ဝယ်ယူသုံးစွဲကြဖို့ မြန်မာနိုင်ငံဆေး နဲ့ ဆေးကုန်သည်များအသင်း ဥက္ကဌ ဒေါက်တာ ဝင်းစည်သူ က တိုက်တွန်းပြောကြားပါတယ်။
2016-09-29
အိမ်ဖော်မိန်းကလေး နှစ်ယောက် ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ နှိပ်စက်ခံရတာကို လျော်ကြေးငွေနဲ့ ကျေအေးအောင် ညှိနှိုင်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူ သုံးထောင်ကျော်က လက်မှတ်ရေးထိုးပြီး ဒီကနေ့ ကော်မရှင်ရုံးကို ပေးပို့တောင်းဆိုလိုက်ပါတယ်။
2016-09-28
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောင်နားကျေးရွာက မြေ ၁၀ ဧကပေါ်မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဗောဓိပင်တစ်ထောင်နဲ့ ဘုရား ဆင်းတု တစ်ထောင်တည်ထားဖို့အတွက် မြေသိမ်း ယူဖို့ စီစဉ်နေတာကို ဒေသခံတွေက ကန့်ကွက်နေ ကြပါတယ်။
2016-09-28
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေ ဆရာတော်တွေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး တို့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
2016-09-27
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မြေယာအမှု နဲ့ပတ်သက်တဲ့ တိုင်ကြားစာ ၅၀၀၀ ခန့် ရောက် ရှိနေပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အဲဒီအမှုတွေကို စိစစ်ဖို့ ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ညွန်ကြားလိုက်ပါတယ်။
2016-09-27
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်မှာ တရားမဝင်ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေကို တိုင်းအစိုးရအဖွဲ့က အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ညွှန်ကြားလိုက်ပါတယ်။
2016-09-25
စစ်ကိုင်းပြတ်ရွှေ့ကြောအနီးနားမှာရှိနေတဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူး၊ မြစ်ကြီးနား၊ သပိတ်ကျင်း၊ တကောင်း စတဲ့ မြို့၁၀ မြို့မှာ ငလျင်အန္တရာယ် သတိထားကြဖို့နဲ့ အထပ်မြင့်အဆောက်အဦးတွေကို စိစစ်ဖို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက သတိပေးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-09-25
ပြီးခဲ့တဲ့ အစိုးရသက်တမ်းကုန်ခါနီးမှာ ပြဌာန်းခဲ့တဲ့ ကျောက်မျက်ဥပဒေကို တတိယ အကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အမျိုးသား လွှတ်တော်မှာ သတ္တုသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးကျော်သီဟက တင်သွင်းခဲ့ပါတယ်။
2016-09-24
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ကျူးကျော် စာရင်းတွေ ကောက်ယူခဲ့ရာမှာ မြို့နယ် အုပ်ချုပ်ရေးက အရင်ကောက်ယူထားတဲ့စာရင်းတွေ ထက် အိမ်ထောင်စုထောင် ချီပြီး ပိုများနေပါတယ်။
2016-09-24
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက KIA တပ်ရင်းရှိတဲ့ အင်ခန်ဘွန်း တောင်ကုန်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတာ သုံး လေးရက်ခန့်ရှိနေပြီး မနေ့ ညနေပိုင်းက တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2016-09-24
တနင်္သာရီတိုင်းဒေသကြီးက မြို့နယ် ၄ ခုမှာ စက်တင်ဘာလအတွင်း မူးယစ်ဆေးဝါးဖြတ်သူ ၁၂၀ ကျော်ရှိနေပြီး မြို့နယ် ၁၀ မြို့နယ်လုံးမှာလည်း လုပ်ဆောင် သွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
2016-09-22
အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို နှိပ်စက်မှုနဲ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ် ဆိုင်ပိုင်ရှင် မိသားစုကို ကလေးသူငယ်ဥပဒေ ၆၆ (ဃ) နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက ကျောက်တံတားမြို့နယ် ရဲစခန်းမှာ မနေ့က ထပ်မံအမှုဖွင့်လိုက်ပါတယ်။
2016-09-22
အိမ်အကူ မိန်းကလေး ၂ ဦးကို လုပ်ခလစာမပေးဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တွေရဲ့ လုပ်ဆောင်မှုကို လျော်ကြေးနဲ့ကျေအေးဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို မှုခင်းထိန်ချိန်မှုနဲ့ တရားစွဲဆိုဖို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြင်ဆင်နေပါတယ်။