ကာကွယ်ဆေးမရှိသေးတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်
2020.01.31
တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ခဲ့ပြီး ကမ္ဘာတဝှမ်းကို ကူးစက်ပျံ့နှံ့လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါပိုးကြောင့် သေဆုံးသူနဲ့ ကူးစက်သူအရေအတွက် တနေ့တခြားတိုးလာနေချိန်မှာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါပြီ။
တရုတ်နဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီလကုန်အထိ ရောဂါကူးစက်တာ မရှိသေးဘူးလို့ အစိုးရအာဏာပိုင်တွေက ပြောဆိုထားပါတယ်။ ကြိုတင်ကာကွယ်ဆေးရော၊ ကုထုံးပါမရှိသေးတဲ့ ဒီရောဂါပိုး မကူးစက်အောင်လို့ ဘာတွေ သတိထားဖို့လိုမလဲ ဆိုတာကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းနဲ့ မဂျူလိုင်မျိုးတို့က တင်ဆက်ထားပါတယ်။