ဆူညံတဲ့ ရန်ကုန်
2019.11.15
မြန်မာနိုင်ငံတဝှမ်းက ဘာသာရေးပွဲတွေမှာ အသံချဲ့စက်တွေ ကျယ်ကျယ်လောင်လောင် ဖွင့်နေကြတာဟာ ပတ်ဝန်းကျင်ကို သိသိသာသာ အနှောင့်အယှက် ဖြစ်နေပါတယ်။ ဒီလို ဆူညံမှုတွေကို လက်မခံနိုင်တဲ့သူတွေလည်း တနေ့တခြား များလာနေပြီး၊ အာဏာပိုင်တွေက ထိန်းချုပ်မှရမယ့် အခြေအနေအထိ ရောက်လာနေပါတယ်။
ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းတာ မရှိတဲ့အတွက် ဆူညံသံတွေကတော့ ဆက်ပြီး ရှိနေတုန်းပဲ ဆိုတဲ့အကြောင်း မအိဖြူမွန်က တင်ပြထားပါတယ်။
(ရိုက်ကူး- ဇာဏီထွဏ်း၊ အိဖြူမွန်။ တင်ဆက် - အိဖြူမွန်)