သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-21
ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ဒုရဲမှူး-မိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော် ရဲဝန်ထမ်းလိုင်းခန်းကနေ ပြောင်းပေးဖို့ ဧပြီလ ၂၁ ရက်နေ့မနက်မှာ အကြောင်းကြားလာတယ်လို့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
2018-04-21
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအတိုင်း အစိုးရက အကောင် အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဧပြီလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2018-04-21
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2018-04-21
အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ဧပြီလ ၂ဝ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။
2018-04-20
မဲခေါင်မြစ်ကော်မရှင် အစီရင်ခံစာအရ... သက္ကရာဇ် ၂ဝ၄ဝ အရောက်မှာ မဲခေါင်မြစ်ထဲက ငါးသယံဇာတ တန်ချိန်ကိုးသိန်း ထက်မနည်း ပျောက်ကွယ်သွားနိုင်တယ်လို့ သိရပါတယ်။
2018-04-20
ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ဟာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့အခြေအနေ၊ ပြန်လည်လက်ခံရေးအတွက် အစိုးရဖက်က လုပ်ဆောင်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းဗဟိုဌာန NRPC မှာ ရှင်းပြခဲ့ပါတယ်။
2018-04-19
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးဝါးဝယ်ယူဖြန့်ဖြူရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာ ဧပြီလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့ပါတယ်။
2018-04-18
သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၈၅၄၁ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၆ ဦးနဲ့ သက်ကြီးရွယ်အိုတွေ၊ မူးယစ်ဆေးဝါးအမှုတွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကနေ ပြစ်ဒဏ်ကျခံထားသူတွေ ပါဝင်ပါတယ်။
2018-04-17
သမဂ္ဂကျောင်းသားတွေ စုစည်းထားတဲ့ “ဟိုထိုးသည်ထိုး ရွှေလက်ညှိုး” သံချပ်အဖွဲ့ဟာ မန္တလေးမြို့မှာ ဧပြီလ ၁၆ ရက် သြင်္ကန်အတက်နေ့က ဖျော်ဖြေခဲ့ပါတယ်။
2018-04-17
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆတ်ရိုးကျစက်မှုရပ်ကွက်က သိမ်းဆည်းခံထားရတဲ့ မြေယာပြဿနာကို ပြည်နယ်အစိုးရက ဒီနေ့အချိန်အထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။
2018-04-17
ရန်ကုန်မြို့က နောက်ဖေးလမ်းကြားတွေ သန့်ရှင်းဖို့အတွက် စည်ပင်သာယာရေးကော်မတီက စီမံချက်နဲ့ ဆောင်ရွက်နေပေမယ့်၊ အထပ်မြင့်အဆောက်အဦးတွေရဲ့ နောက်ဖေးလမ်းကြားတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ ရှိနေဆဲပဲဖြစ်ပါတယ်။
2018-04-17
သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က ပြီးခဲ့တဲ့မတ်လ ၃ဝ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲပြောင်းရယူခဲ့ပါတယ်။
2018-04-15
ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာသြင်္ကန်ပွဲတော်ကို ဝိုင်းမော်မြို့နယ် ဟိုးတုံရပ်ကွက်က ဓမ္မောဘာသ ဘုန်းတော်ကြီး ကျောင်းမှာ ဧပြီလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-04-15
ဧပြီလ ၁၄ ရက်နေ့ သြင်္ကန်အကျနေ့မှာ နှစ်စဉ်ထွက်နေကျ သံချပ်အဖွဲ့တွေဟာ မြို့နယ်အသီးသီးကို သွားပြီးဖျော်ဖြေခဲ့ကြပါတယ်။ စမ်းချောင်းမြို့နယ်မှာ ဖျော်ဖြေခဲ့ကြတဲ့ “ပြည်သူ့အသံအိုးဝေသံ” သံချပ်အဖွဲ့က... အစိုးရအနေနဲ့ တပ်မတော်ကို ထိန်းကြောင်းမှု အားနည်းနေတာတွေ၊ သတင်းမီဒီယာလွတ်လပ်ခွင့် အားနည်းနေတာတွေအပါအဝင် ခေတ်ရဲ့လိုအပ်ချက်တွေကို သံချပ်ထိုးခဲ့ကြပါတယ်။
2018-04-15
မြန်မာ့နှစ်ကူး သြင်္ကန်ပွဲတော်ရောက်တာနဲ့ ရေကစားတာနဲ့အတူ သံချပ်အဖွဲ့တွေကလည်း အပြိုင်အဆိုင် ဖျော်ဖြေကြပါတယ်။