သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-20
ဒီအလုပ်က တစ်ဖက်မှာ ငှက်လေးတွေအတွက် လုံခြုံတဲ့အိမ်တစ်လုံး ရသွားသလို တစ်ဖက်မှာလည်း သူတို့မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရတယ်လို့ ပြောပါတယ်။
2024-02-19
အငှားကားမောင်းတဲ့သူတွေကို အကြမ်းဖက် လုတာယက်တာမျိုးတွေ ရှိတဲ့အတွက်ကြောင့် အမျိုးသားတွေတောင် စိုးရိမ်စိတ်နဲ့ သတိထား မောင်းနေကြရတဲ့အချိန်မှာ အမျိုးသမီးဖြစ်တဲ့ သူ့အတွက် ပိုပြီးစိုးရိမ်ရတယ်။
2024-02-15
စစ်ကောင်စီဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် နောင်တရမိတယ်လို့ သူကပြောပါတယ်။
2024-02-11
လက်နက်ကိုင်တော်လှန်ရေးလုပ်နေရာက သူတို့တပ်ဖွဲ့မှာ လက်နက်မလောက်လို့ မဲဆောက်မှာ ပန်းချီဆွဲပြီး ရောင်းရငွေနဲ့ လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
2024-02-09
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေသူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့နေတဲ့အထဲမှာ ပန်းချီဆွဲ၊ တက်တူးထိုးပြီး ပါဝင်နေတဲ့ စောစေးဝါးလည်း ပါဝင်ပါတယ်။
2024-02-09
ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက ကလေးတွေနဲ့ မိဘမဲ့ကလေးငယ်တွေဟာ ပညာရေးအတွက် ဘကကျောင်း လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ သင်ပေးတဲ့ပညာရေးကို အားကိုးကြရတာများပါတယ်။
2024-02-08
မြန်မာပြည်ရဲ့ အထင်ကရ သမိုင်းဝင်ဒေသဖြစ်တဲ့ ပုဂံဘုရား၊ စေတီတွေနားမှာ မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းတွေရောင်းကြသလို ဘုရားဖူးဧည့်သည်တွေရဲ့ လက်ဖမိုးပေါ်မှာ ပုဂံခေတ်လက်ရာ ကနုတ်ပန်းချီလေးတွေ ဆွဲပေးကြတာလည်းရှိပါတယ်။
2024-02-07
ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပိုပြင်းခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ လကုန်ပိုင်းကစပြီး တရုတ်နဲ့ ထိုင်းနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားခဲ့ပြီးတဲ့နောက် ငရုတ်စျေးတွေကျသွားတယ်လို့ တောင်သူတွေကပြောပါတယ်။
2024-02-06
ကလေးမြို့က အနှစ်လေးဆယ်ကျော် သက်တမ်းရှိတဲ့ ပွင့် သံသေတ္တာလုပ်ငန်းမှာ သံနဲ့ ပတ်သက်တဲ့ ပစ္စည်းအများစုကို ထုတ်လုပ်ရောင်းချနေတာကြတာပါ။
2024-02-05
ဘိုကလေးမြို့နယ် ရေကျော်ကြီးကျေးရွာက မျှင်ပုစွန်ထောင်သူတွေဟာ အရင်ကတော့ အရအမိများလို့ စားဝတ်နေရေး အဆင်ပြေကြပါတယ်။
2024-02-02
ဒိုက်ဦးနဲ့ ညောင်လေးပင်မြို့နယ်တွေမှာ ဆောင်းရာသီဆိုရင် ချောင်းရေနဲ့ ကိုင်းသီးနှံတွေ စိုက်ပျိုးကြပါတယ်။
2024-02-01
ရုန်းလေနစ်လေဖြစ်နေတဲ့ဘဝမှာ အဖမ်းခံရမှာကိုလည်း ကြောက်ရသလို အနိုင်ကျင့်တတ်တဲ့သူတွေကြောင့် မိအေး နှစ်ခါနာရတဲ့အခါမျိုးတွေနဲ့လည်း ကြုံရတတ်တယ်။
2024-01-29
အရင်က အမှိုက်ကောက်ရောင်းရငွေ တစ်နေ့ကို ဘတ် သုံးရာခန့် ရပေမဲ့ လက်ရှိမှာတော့ အမှိုက်ပုံပိတ်လိုက်တဲ့အတွက် ဝင်ငွေ ထက်ဝက်ခန့် ကျဆင်းသွားတယ်လို့ ဦးစိုးသူရက ဆိုပါတယ်။
2024-01-28
မျိုးဆက်သစ်လက်ဝှေ့သမားလေးတွေ အတွေ့အကြုံကောင်းတွေ ရဖို့ ဒီပွဲက အခွင့်အလမ်းပဲလို့ လက်ဝှေ့ပွဲစီစဉ်သူတွေက ပြောကြပါတယ်။
2024-01-26
ဒေါ်မာမာအေးပြောပြခဲ့တဲ့ မြန်မာပြည်မှာ အဆိုပညာသင်တဲ့ကျောင်းတွေ မရှိသေးတဲ့အကြောင်း၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကာလမှာ အသည်းနာကမ္ဘာမကျေသီချင်း သီဆိုဖြစ်ခဲ့ပုံနဲ့ အမေရိကန်ပြည်ထောင်စုမှာ သူ့လုပ်အားနဲ့သူ ရပ်တည်ခဲ့တဲ့အကြောင်းတွေကို အမှတ်တရအဖြစ် ထုတ်လွှင့်လိုက်ပါတယ်။