သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-07
မကွေးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း) ပူးတွဲပြီး အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ပြုလုပ်မယ့်နေရာအတွက် ရပ်ကွက် အုပ်ချုပ် ရေးမှူးက ခွင့်ပြုခဲ့ပေမဲ့ ဒီကနေ့မှာတော့ ခွင့်မပြုကြောင်း ဆိုင်းဘုဒ်တခုကို စိုက်ထူထားပါတယ်။ ဒီအကြောင်း မကွေးမြို့က RFA သတင်းထောက်ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
2014-06-07
စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာ၊ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံကနေ အလုပ် ထုတ်ခံရပြီး ရှမ်းကန်ကျေးရွာမှာ ယာယီစခန်းချ နေထိုင်နေတဲ့ အလုပ်သမားတွေဟာ ဒီကနေ့ မန္တလေးမြို့ကို ဆန္ဒပြဖို့အသွား၊ မြို့အထွက်မှာ အာဏာပိုင်တွေက တားဆီးခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-06-07
ရခိုင်ပြည်နယ်က ပွဲလမ်းသဘင်တွေမှာ ထည့်သွင်းကျင်းပလေ့ရှိတဲ့ ရခိုင်ရိုးရာ "ကျင်" အားကစားပွဲ ဟာ ရှေး ရခိုင်ဘုရင်အဆက်ဆက် ကတည်းက ပြုလုပ်ခဲ့တဲ့ အားကစားနည်း တခုဖြစ်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-06-05
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ KNU- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖော ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့မနက်ပိုင်းက နေပြည်တော် ပြည်သူ့လွှတ်တော် ဧည့်ခမ်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြ ထားပါတယ်။
2014-06-05
ကယန်းအမျိုးသားတော်လှန်ရေး နှစ်ငါးဆယ်ပြည့် ရွှေရတုအခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆီးဘူးဒေသမှာရှိတဲ့ ကယန်းပြည်သစ်တပ်မတော် ဌာနချုပ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-05
တရုတ်မြန်မာနယ်စပ်အနီး၊ ကချင်နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ မန်ဝိန်းကြီးကျေးရွာစစ်ပြေးဒုက္ခသည် စခန်းက စာသင်ကျောင်းတွေမှာ ကလေးတွေအတွက် ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေပါတယ်။ မန်ဝိန်းကြီး ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့တဲ့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါ တယ်။
2014-06-05
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က သီတဂူ စက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာသည်တွေကို မတ်လ ၃၁ ရက်နေ့ကနေ ဇွန်လ ၅ ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသပေးနေပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။
2014-06-05
နှစ်စဉ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်နေ့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုတွေရဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ SAW ကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-06-05
RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်" အစီအစဉ်ထဲ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-06-04
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ဂီတနဲ့ဖျော်ဖြေပြီး ရန်ပုံငွေ ရှာဖွေနေတဲ့ "လွတ်လပ်ငြိမ်းချမ်း-ပန်းရဲ့လမ်း" လူမှုကွန်ရက်အဖွဲ့၊ "ရွှေသံစဉ်" ဂီတဖောင်ဒေးရှင်းနဲ့ The Action Time ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ဇွန်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ စစ်ကိုင်းနဲ့ မန္တလေးမြို့တွေက လဘက်ရည်ဆိုင်တွေမှာ ဖျော်ဖြေခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-06-04
လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုပြဋ္ဌာန်းတော့မယ့် "အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်း" ထဲက သဘောမတူနိုင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-06-04
"ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့" ခေါင်းဆောင် ကိုထင်ကျော်ကို စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။ ဇွန်လ ၃ ရက် မနေ့ကလည်း လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ဆန္ဒပြမှုနဲ့ ဖမ်းဆီးထားတဲ့ ဦးဝင်းချိုနဲ့ ကိုဝေဠု တို့ကို တရားမဝင် စီတန်းလှည့်လည်တဲ့ ပုဒ်မ (၁၈) နဲ့ ကျောက်တံတားမြို့နယ်တရားရုံးမှာ ငါးကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြထားပါတယ်။
2014-06-04
ရခိုင်ပြည်နယ်အတွင်း ကလေးသူငယ်တွေရဲ့ အခွင့်အရေး မြှင့်တင်ပေးဖို့အတွက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က အမေရိကန်ဒေါ်လာ ၁၂ သန်းသုံးစွဲပြီး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ် Bertrand Bainvel က ဒီကနေ့ ပြောလိုက်ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-06-03
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်းပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရှင်းလင်းဟောပြောပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ဟောပြောပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီး၊ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ဟောပြောပွဲ တက်ရောက်လာသူတချို့ကို မေးမြန်းပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-06-03
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန် (၂) မှာရှိတဲ့ "ဟန်ဂျင်း" အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၁ဝ ချက်ကို အလုပ်ရှင်ဘက်က ညှိနှိုင်းဖြေရှင်းပေးဖို့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုထွန်းမြင့်က တင်ပြထားပါတယ်။