သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-29
ပူအိုက်စွတ်စိုတဲ့ ရာသီဥတုသာ အဓိကလွှမ်းမိုးလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ် မြောက်ဖျားက ပူတာအိုဒေသဟာ သဘာဝရေခဲတောင်တွေ၊ ကျောက်ဆောင်ကျောက်သားပေါ် ဖြတ်သန်းစီးဆင်းတဲ့ မြစ်ချောင်းတွေနဲ့ အေးခဲပြီး သီးသန့်ဆန်တဲ့ ထူးခြားတဲ့ ဒေသလေးတစ်ခု ဖြစ်ပါတယ်။
2022-07-27
ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်က ကျေးရွာတွေဟာ အစိုးရအဆက်ဆက် မျက်ကွယ်ပြုထားပေမယ့် ဒေသခံ ရဝမ်လူငယ်လေး တစ်ယောက်ဟာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ကျေးရွာသားတွေ အဆင်ပြေစေဖို့အတွက် လမ်းခင်းတာ၊ တံတားဆောက်တာတွေကို စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးနေပါတယ်။
2022-07-26
ကိုဗစ်ကပ်ရောဂါကို တားဆီးတဲ့အနေနဲ့ တရုတ်အစိုးရက နယ်စပ်ဂိတ်တွေကို မကြာခဏ ပိတ်လေ့ရှိတာကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသမှာ ငရုတ်ကောင်းစိုက်တဲ့ တောင်သူတွေ အရှုံးပေါ်ပြီး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
2022-07-22
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လာကန့်သတ်ထိန်းချုပ်မှုကြောင့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းကြီးတွေသာမက ထမင်းဟင်းချက်ရာမှာ နေ့စဥ်အသုံးပြုတဲ့ အိမ်သုံးသဘာဝဓာတ်ငွေ့ပါ ပြတ်တောက်တဲ့အထိ ဖြစ်လာပါတယ်။
2022-07-19
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုဒေသ ရေခဲတောင်ပေါ်ကရတဲ့ ဆေးဖက်ဝင် ရှီးပဒီး ရောင်းဝယ်မှုဟာ အာဏာသိမ်းမှုနဲ့ တရုတ်နယ်စပ်ပိတ်ထားတာတွေကြောင့်ပါ အတော်ခက်ခဲလာတယ်လို့ ရှီးပဒီးရှာဖွေသူတွေ၊ ရောင်းဝယ်သူတွေက ပြောပါတယ်။
2022-07-18
မြန်မာ့ရိုးရာ ပန်းတဉ်းလုပ်ငန်းဟာ ရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက ဒီနေ့အထိ ထင်ရှားတဲ့ လက်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းက ပန်းတဉ်းတန်းလို့ခေါ်တဲ့ ဘောဂရပ်ကွက်မှာ ပန်းတဉ်းပညာရပ်နဲ့ ဘုရားထီးတော်လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြဆဲပါ။ သူတို့ဟာ ဒီလက်မှုပညာရပ်ကို ရှေးဘိုးဘွားလက်ထက်ကတည်းက လက်ဆင့်ကမ်း လုပ်ကိုင်လာကြသူတွေဖြစ်ပါတယ်။
2022-07-16
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ချက်တွေကို မျက်ဝါးထင်ထင် မြင်နေရတာမို့ အညာဒေသက ပြည်သူတွေဟာ တိုင်းရင်းသားညီအကို မောင်နှမတွေကို ကိုယ်ချင်းစာတက်နေပြီလို့ မသန့်ဝေကျော်က ပြောပါတယ်။
2022-07-15
ကိုဗစ်ရောဂါနဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် နှစ်နှစ်ကျော် ကျောင်းမဖွင့်နိုင်ခဲ့တဲ့ နမ္မတူမြို့နယ် ရေအိုးရွာမှာ တအာင်းပညာရေးကော်မတီ (TNEC) လက်အောက်ခံ စာသင်ကျောင်းတစ်ကျောင်းကို ပြီးခဲ့တဲ့ ဇွန်လထဲ မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
2022-07-14
စစ်တပ်အာဏာသိမ်းထားတဲ့ အချိန်တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါး ရှိလာပြီး အဲဒီအထဲက လေးသောင်းကျော်ဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတယ်လို့ ချင်းရေးရာ အဖွဲ့ချုပ်နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2022-07-13
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အနီးက မိုင်းနောင်၊ လုံးတုံ၊ မမုန်ကိုင် စတဲ့ ကျေးရွာတွေမှာ တရားမဝင် ရွှေတူးဖော်မှုတွေ အဆမတန်များလာပြီး ရွှေတူးရာကနေ စွန့်ပစ်တဲ့ အညစ်အကြေးနဲ့ ရွှံ့နွံတွေဟာ အင်းတော်ကြီးအိုင်ထဲကို စီးဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-11
အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ရွာအနီးက စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက သိမ်းယူလိုက်ချိန်ကစလို့ အရင်က စစ်မဲ့ဇုန်လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ကချင်ပြည်နယ် မြောက်ဖျားက ပူတာအိုမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။
2022-07-08
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေက စာသင်ကျောင်းတွေမှာ လာရောက်သင်ယူတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ ပိုများလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
2022-07-08
မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲက ရှားဒူးနဲ့ စိုင်ဖြူရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ရွာကို မီးရှို့တာကြောင့် နေအိမ် ၁၅၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
2022-07-07
ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ဇူလိုင်လ ၇ ရက် ဒီနေ့ညနေ ၄ နာရီက ဗကသကျောင်းသားအင်အားစုတွေ ဦးဆောင်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့တိုက် ဖမ်းဆီးခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
2022-07-07
စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာလည်း တစ်စတစ်စ ကင်းမဲ့လာပါတယ်။ ရန်ကုန်မြို့မှာဆိုရင် အမျိုးသမီး တက္ကစီယာဉ်မောင်းတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် အကူအညီရနိုင်မယ့် ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး ရုန်းကန်လာနေကြရပါတယ်။