သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-09
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေကို အကူအညီပေးမယ့် မလေးရှားနိုင်ငံက စားနပ်ရိက္ခာတင် သဘောၤဟာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ဒီနေ့ နေ့လည်ပိုင်းက ရောက်ရှိလာပါတယ်။
2017-02-09
စက်မှုလယ်ယာကို အလုံးစုံမကူးပြောင်းခင်မှာ ခိုင်းကျွဲ၊ ခိုင်းနွားသတ်ဖြတ်မှုကို ထိန်းချုပ်ဖို့အစီအစဉ် ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး မင်းကင်းမဲဆန္ဒနယ်က ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ မေးမြန်းခဲ့ပါတယ်။
2017-02-09
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်ထဲက မိုင်းကိုင်ဒေသဟာ အရင် ရှမ်းစော်ဘွားတွေလက်ထက် ကတည်းက ကျေးရွာတွေအလိုက် ရိုးရာလက်မှု လုပ်ငန်းတွေ ထွန်းကားခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
2017-02-09
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာက ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၈ ရာဝန်းကျင် ရှိနေပြီး၊ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပါတယ်။
2017-02-09
ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ကျပ်ငွေ သန်း ၃၆ဝဝ ကျော် အသုံးပြုသွားမယ့်အကြောင်း သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာတဲ့သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ဒီကနေ့ ထောက်ခံဆွေးနွေးခဲ့ပါတယ်။
2017-02-09
ပြည်ထောင်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMCU အနေနဲ့ ပြည်နယ်/တိုင်းဒေသကြီးတွေနဲ့ မြို့နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့အတွက် ငွေကြေးအဆင်မပြေမှုတွေကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့ JMC အလုပ်အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦး က ပြောပါတယ်။
2017-02-09
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိမယ့် CI လို့ ခေါ်တဲ့ Certificate Identity အစိမ်းရောင်စာအုပ်ကို အခုလအတွင်း ထုတ်ပေးသွားမှာဖြစ်ပြီး၊ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလမှာ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသူတွေကို လာမယ့် ၂ဝ၁၈ ခုနှစ်အထိ သက်တမ်းတိုး ပေးသွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ကျင်းပတဲ့ အလုပ်သမားအရေး ဆွေးနွေးပွဲမှာ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။
2017-02-09
မကွေးမြို့ ဧရာဝတီမြစ် ကမ်းနဘေးမှာ မကွေးတိုင်းလူငယ်ကွန်ရက်က ငြိမ်းချမ်းရေးအတွက် လူငယ့်အသံ အခန်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2017-02-08
အရင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ မြန်မာ-အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ- MICA ကို ဖျက်သိမ်းဖို့ ဖေဖော်ဝါရီလ ၇ရက်နေ့ကအမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
2017-02-08
၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ငြိမ်းချမ်းရေး လက်ကမ်း စာစောင်တွေ ဝေငှပြီး စတစ်ကာကပ်တဲ့ လှုပ်ရှားမှုတခုကို မန္တလေးမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-02-08
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ရဲ့တစ်ခုတည်းသော လစ်လပ် မဲဆန္ဒနယ်ဖြစ်တဲ့ ချောင်းဆုံ မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ပါတီ ၅ ခုက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2017-02-08
ရန်ကုန်တိုင်းလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ လူမှုရေးနဲ့ စီမံခန့်ခွဲရေးကော်မတီကို တိုင်စာ ၁၂၅ စောင် ရရှိထားပြီး အစောင် ၁၁ဝ ကို ဖြေရှင်းပြီးဖြစ်တယ် လို့ ကော်မတီဥက္ကဋ္ဌ ဦးသာအောင်က ပြောပါတယ်။
2017-02-07
နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံမှု ရှိစေဖို့အတွက် ငြိမ်းချမ်းရေးလိုအပ်ကြောင်းနဲ့၊ "ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး မှု ပူးတွဲကော်မတီ- UPDJC" ဟာ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ဖို့အတွက် အဓိကကျတဲ့ အဖွဲ့အစည်းဖြစ်တယ် လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ UPDJC အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
2017-02-07
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ ၉ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရွှေလီလမ်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-02-07
လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် က ရေးဆွဲနေတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြည်သူ့လွှတ်တော် မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က တင်ပြခဲ့ပါတယ်။