သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-13
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အနီးက မိုင်းနောင်၊ လုံးတုံ၊ မမုန်ကိုင် စတဲ့ ကျေးရွာတွေမှာ တရားမဝင် ရွှေတူးဖော်မှုတွေ အဆမတန်များလာပြီး ရွှေတူးရာကနေ စွန့်ပစ်တဲ့ အညစ်အကြေးနဲ့ ရွှံ့နွံတွေဟာ အင်းတော်ကြီးအိုင်ထဲကို စီးဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-11
အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ရွာအနီးက စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက သိမ်းယူလိုက်ချိန်ကစလို့ အရင်က စစ်မဲ့ဇုန်လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ကချင်ပြည်နယ် မြောက်ဖျားက ပူတာအိုမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။
2022-07-08
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေက စာသင်ကျောင်းတွေမှာ လာရောက်သင်ယူတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ ပိုများလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
2022-07-08
မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲက ရှားဒူးနဲ့ စိုင်ဖြူရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ရွာကို မီးရှို့တာကြောင့် နေအိမ် ၁၅၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
2022-07-07
ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ဇူလိုင်လ ၇ ရက် ဒီနေ့ညနေ ၄ နာရီက ဗကသကျောင်းသားအင်အားစုတွေ ဦးဆောင်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့တိုက် ဖမ်းဆီးခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
2022-07-07
စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာလည်း တစ်စတစ်စ ကင်းမဲ့လာပါတယ်။ ရန်ကုန်မြို့မှာဆိုရင် အမျိုးသမီး တက္ကစီယာဉ်မောင်းတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် အကူအညီရနိုင်မယ့် ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး ရုန်းကန်လာနေကြရပါတယ်။
2022-07-05
အခုတွေ့နေရတာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ မနေ့ညက ရွာသားတွေ ထွက်ပြေးနေရတာပါ။
2022-07-01
ကမ္ဘာ့သမိုင်းမှာ အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်တွေထဲက တစ်ခုဖြစ်တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီး မြန်မာနိုင်ငံကို တိုက်ခတ်သွားတာ ၁၄ နှစ်ကြာခဲ့ပါပြီ။ လူ့အသက်ပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ဒီမုန်တိုင်းတိုက်ခတ်အပြီး ရက်ပိုင်းအတွင်းမှာ စစ်အစိုးရက အတင်းအကြပ် အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း "နာဂစ်ဖွဲ့စည်းပုံ" ဆိုပြီး အများက အမည်ပေးခဲ့ကြပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာတော့ မုန်တိုင်းဒဏ်ခိုလှုံရေး အဆောက်အအုံတွေ ထိန်းသိမ်းစောင့်ရှောက်မယ့်သူ မရှိတော့သလို၊ ကောင်းမွန်သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးအပါအဝင် လိုအပ်ချက်တွေ ရှိနေဆဲပါ။
2022-06-30
လူဦးရေ တစ်ထောင့်နှစ်ရာလောက် နေထိုင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စု ဇွပ်အောင် စစ်ဘေးဒုက္ခသည်စခန်းနဲ့ အနီးနားက ရွာတွေမှာ လွန်ခဲ့တဲ့ခြောက်လလောက်ကစပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တပ်တွေ စခန်းလာချထားတာကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2022-06-27
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်းက အစိုးရကျောင်းတွေကို ကာလကြာရှည် ပိတ်ထားရတာမို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြိုက အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ အခု ၂၀၂၂ - ၂၀၂၃ စာသင်နှစ်အတွက် ကျောင်းအပ်သူ သုံးဆကျော်လောက် တိုးလာတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
2022-06-24
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ဂျပန်နိုင်ငံကနေ မြန်မာအလုပ်သမား ပြန်လည်ခေါ်ယူတဲ့ ၂၀၂၂ မတ်လကစပြီး မေလအထိ သုံးလအတွင်း ဂျပန်မှာအလုပ်လုပ်ဖို့ တိုင်းပြည်ကို စွန့်ခွာသွားတဲ့ မြန်မာလုပ်သား ငါးထောင်ကျော်ရှိနေပါပြီ။ ဒါဟာ အရင်နှစ်တွေကထက် နှစ်ဆပိုများတယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2022-06-23
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီနဲ့ မန်ဆာရွာမှာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း SSPP၊ TNLA ပူးပေါင်းတပ်တွေနဲ့ RCSS တို့အကြား တိုက်ပွဲတွေအတွင်း အဖမ်းခံထားရတဲ့ ဒေသခံအရပ်သားတချို့ အခုချိန်ထိ အိမ်ပြန်မလာနိုင်သေးဘဲ ပျောက်ဆုံးနေပါတယ်။
2022-06-21
၂၀၂၀ နှစ်ဆန်း COVID ကပ်ရောဂါ ကူးစက်မှုမြင့်တက်ချိန်ကစပြီး တရုတ်-မြန်မာနယ်စပ်က လူဝင်လူထွက်များတဲ့ ကချင်ဒေသက မိုင်ဂျာယန်မြို့နားက နယ်စပ်မျဉ်းကို တရုတ်အစိုးရက ခြံစည်ရိုးကာခဲ့ပါတယ်။
2022-06-18
"ရတဲ့ဟာလေး ဝါဆိုဝါခေါင်စားဖို့ စုဘူးလေးထဲ စုထားတာ။ စုဘူးကလဲ မခွဲလိုက်ရဘူး၊ သူတို့ထဲ ပါသွားတာ။ အခုလည်း အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီပေါ့။ ငိုလိုက်ရတာလဲ အတင်းဘဲ။ မျက်စိတွေလဲ ကိုက်လို့။ ဖြစ်တဲ့နေ့ကတည်းက ထမင်းလည်းတစေ့မှ မစားရသေးဘူး၊ ကျန်တာလဲ ဘာမှမသိတော့ဘူး။ ဒေါ်ကြီးကိုယ်ဒေါ်ကြီး ဆေးပဲ သောက်သေချင်တာဘဲ"
2022-06-17
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခကြောင့် မွတ်စလင် တစ်သိန်း သုံးသောင်းကျော် ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာ အခုဆိုရင် ၁၀ နှစ်ပြည့်ပါပြီ။