အခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ PR စနစ်မကျင့်သုံးဖို့ တောင်ငူဒေသ ခံတွေ ဆန္ဒပြတောင်းဆို
2014.08.15

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို မကျင့်သုံး ဖို့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ရာဂဏန်းလောက်ရှိတဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ဆန္ဒပြရာမှာပါဝင် တဲ့ တောင်ငူမြို့ဒေသခံ ကိုခင်ဇော်က အခုလိုပြောပါ တယ်။
"ပထမဆုံးအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးရယ် ၊ နောက်တစ်ခါ ပုဒ်မ ၄၃၆ တစ်ဦးတစ်ယောက်ကို ကန့်ကွက်ထားတဲ့ပုဒ်မကို ပြင်ဆင်ပေးရေးရယ် ၊ နောက်ပြီး PR စနစ်ဆိုတာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ PR စနစ်ကျင့် သုံးမယ်ဆိုတာကိုလည်း ပြည်သူလူထုအနေ နဲ့လည်း ဒီကိစ္စကို တစ်ယောက်မှ ပြေပြေလည် လည် မသိကြဘူး၊ အရှင်းဆုံးပြောရရင် ကျနော်တို့လည်း နားမလည်ဘူး၊ ကျနော်တို့ ပြည်သူလူထု အနေနဲ့တော့ PR စနစ်ဆိုတာတော့ ရိုးသားမှှုမရှိဘူးလို့ ထင်လို့ပေါ့နော်၊ တရားမျှတမှှုမရှိဘူးထင်တယ်၊ သူတို့ဆီက ရိုးသားမှှုမရှိဘူးထင်လို့ ကျနော်တို့ ကန့်ကွက်ဆန္ဒပြတာပါ"
ဒီနေ့ ဆန္ဒပြပွဲမှာ တောင်ငူမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ငူမြို့ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နဲ့ ဒေသခံ ၃၀၀ လောက် ပါဝင်ခဲ့ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ် အကောင်အထည်ဖော်ရေး ကော်မရှင်ကို ပြည်သူ့ လွှတ်တော်မှာ ဖွဲ့စည်းထားပြီး၊ အချိုးကျကိုယ်စားပြုစနစ် အကောင်အထည်ဖော်ရေး ကော်မတီကို အမျိုးသား လွှတ်တော်မှာ ဖွဲ့စည်းထားပါတယ်။