ကြိုတင်မဲသုံး အနိုင်ယူခဲ့သူ ၂၀ ဦးအထိ ရှိနိုင်ကြောင်း ဇေကမ္ဘာဦးခင်ရွှေပြောကြား
2011.01.06

(Photo: AFP)
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေကြားမှာ အကျင့်စာရိတ္တကောင်းမွန်စွာ နေထိုင်ရေး၊ ပါတီပြန်လည်ဖွဲ့စည်းရေး၊
ရွေးကောက်ပွဲမတိုင်ခင်က ကတိပြုချက်တွေကို အကောင်အထည်ဖော်ရေး စတဲ့အချက်တွေကို ဒီဇင်ဘာလနှောင်းပိုင်းက
နေပြည်တော်မှာ ကျင်းပတဲ့ ရွေးချယ်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေရဲ့
ပထမအကြိမ် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဦးခင်ရွှေက ပြောပါတယ်။
အခုလ ၁၄ ရက်နေ့လောက်ကစပြီး လွှတ်တော်တွေ စတင်ခေါ်ယူပြီးနောက် ဝန်ကြီးဌာန တဝက်လောက် လျှော့ချပြီး အသစ်ပြန်လည် ဖွဲ့စည်းမဲ့ အစိုးရအဖွဲ့သစ်ထဲမှာ လက်ရှိ အစိုးရဝန်ကြီးချုပ်နဲ့ ဝန်ကြီးအများစုက ပါဝင်တော့မှာ မဟုတ်ပဲ ပါတီမှာပဲ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်တယ်လို့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။ ဒါ့ပြင် အစိုးရအဖွဲ့သစ်ဟာ စစ်အစိုးရအုပ်ချုပ်ရေးလို တမိန့်တအာဏာ စနစ်မျိုး မဟုတ်တော့ပဲ ပြောင်းလဲမှုတွေ ရှိလာမဲ့အပြင် နိုင်ငံရဲ့ ဘတ်ဂျက်သုံးစွဲရေး ကိစ္စတွေလည်း စနစ်တကျ ဖြစ်လာမယ်လို့ သူက ပြောပါတယ်။
ဇေကမ္ဘာဦးခင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဇေကမ္ဘာဦးခင်ရွှေနှင့် ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |