ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချို တို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိ


2013.02.22
minkonaing_norway_trip_305.jpg ဥရောပသုံးနိုင်ငံကို ခရီးသွားပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ညက မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ကိုပြုံးချိုတို့ပုံ
photo: 88 Facebook

နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို သွားရောက်လက်ခံရယူခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုဟာ မြန်မာနိုင်ငံကို မနေ့က ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

မင်္ဂလာဒုံလေဆိပ်မှာ မနေ့ညနေက သူတို့ကို သွားရောက်ကြိုဆိုခဲ့သူတွေထဲမှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်လည်း ပါဝင်ပါတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နော်ဝေးနိုင်ငံကို ရောက်ရှိခဲ့ပြီး ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတွေကို ဆက်လက်သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း သက်ဆိုင်ရာနိုင်ငံအရာရှိတွေနဲ့ မြန်မာပြည်ရေးရာတွေ ဆွေးနွေးခဲ့ကြသလို အဲဒီနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။