ရွေးကောက်ပွဲအပြီး နိုင်ငံရေးပါတီ တည်ထောင်ရေး ၈၈ အဖွဲ့ ဆွေးနွေး


2015.08.06
88-meeting-620.jpg ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကွန်ရက်များ စုံညီအစည်းအဝေးကို ရန်ကုန်မြို့ ဓမ္မပီယဘုန်းကြီးကျောင်းမှာ သြဂုတ်လ ၆ ရက်နေ့ကကျင်းပစဉ်
Photo: Kyaw Htoon Naing/RFA

လာမယ့်၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပါတီထောင်ပြီး နိုင်ငံရေးဆောင်ရွက်ဖို့ ၈၈ အဖွဲ့အစည်းအဖွဲ့ဝင်တွေက ဒီနေ့ ညီလာခံမှာတိုက်တွန်းခဲ့ပါတယ်။ ရန်ကုန်မြို့ ဓမ္မပီယ ဘုန်းကြီးကျောင်းမှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ ညီလာခံမှာ ဒေသအသီးသီးက တက်ရောက်လာတဲ့ အဖွဲ့ဝင်အများစုက တိုက်တွန်းခဲ့တာဖြစ်ကြောင်း ညီလာခံပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်လင်းက ပြောပါတယ်။

"ရွေးကောက်ပွဲအလွန်မှာ နိုင်ငံရေးဘယ်လိုပုံစံနဲ့ ဆက်ပြီးဖြတ်သန်းမလဲပေါ့၊ ဒီမှာအများစု ဆွေးနွေးတာကတော့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရဲဘော်တွေအနေနဲ့ ပါတီတစ်ရပ်ထောင်ပြီးတော့ လွှတ်တော်အတွင်း နိုင်ငံရေးတွေ ဆောင်ရွက်သင့်တယ်၊ နိုင်ငံရေးအာဏာကို ရယူသင့်တယ်ဆိုတဲ့ဟာ ကို ဆွေးနွေးတယ်၊ အဲ့ဒါနဲ့တပြိုင်နက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နိုင်ငံရေးကို အဓိကလုပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းပုံစံမျိုးနဲ့ ဆက်ပြီးရပ်တည်သွားမယ်ဆိုတာမျိုးပါ ဆွေးနွေးတယ်"

တကယ်လို့ ပါတီတည်ထောင်ဖြစ်ရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှသာ ဖြစ်နိုင်ကြောင်း လည်း ပြောပါတယ်။ လာမယ့် ၂၀၁၅ရွေးကောက်ပွဲမှာ ဒီမိုကရေစီပါတီတွေ အနိုင်ရအောင် ဝိုင်းဝန်းကြိုးစားသွား မယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။