နော်ဝေရွေးကောက်ပွဲ ကျင်းပပုံ ၈၈ မျိုးဆက်လေ့လာ
2013.09.10
နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ-ဘားမားကော်မတီရဲ့ ဖိတ်ကြားချက်အရ အော်စလိုမြို့မှာ ရောက်ရှိနေကြတဲ့ ၈၈ မျိုးဆက် ြငိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေဟာ မနေ့က နော်ဝေးနိုင်ငံမှာကျင်းပ တဲ့ ရွေးကောက်ပွဲက မဲပေးပုံစနစ်တွေ၊ ရွေးကောက်ပွဲ ကျင်းပပုံတွေကို သွားရောက်လေ့လာခဲ့ကြကြောင်း သိရပါတယ်။
ဒီနေ့လည်း နော်ဝေနိုင်ငံရဲ့ လူမှုဖူလုံရေးကဏ္ဍ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ြပီး လေ့လာခဲ့သလို လာမယ့်ရက်တေွမှာလည်း နော်ဝေးအစိုးရ နိုင်ငံခြားရေးဝန်ြကီးဌာန တာဝန်ရှိသူတွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ အဖွဲ့မှာပါဝင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက အဖွဲ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ြပ်ီး အခုလိုပြောပြပါတယ်။
“ကျနော်တို့ ဒီအပြောင်းအလဲကာလမှာ နိုင်ငံတကာနဲ့လည်း ထိတွေ့ဆက်ဆံရတာရှိသလို၊ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ အလေ့အကျင့်တွေနဲ့ ကျနော်တို့နိုင်ငံမှာ ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ ဘယ်လိုအကျိုးရှိမလဲဆိုတာ လေ့လာဖို့ရှိပါတယ်၊ မနေ့က နော်ဝေနိုင်ငံမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးပုံစနစ်တွေ၊ မဲရေတွက်တဲ့ပုံသဏ္ဍန်တွေနဲ့ ရွေးကောက်ပွဲကျင်းပပုံတွေ အဲဒါတွေနဲ့ ပတ်သက်ပြီး လေ့လာခွင့်ရခဲ့ပါတယ်၊ ဒီနေ့မှာတော့ ဆိုရှယ်ဝဲဖဲလ်ဒိတ်တစ်ခုကို ဘယ်လိုမျိုးကူးပြောင်းရသလဲ၊ ဘယ်လိုတည်ဆောက်ရသလဲ၊ ဘယ်အချက်အလက်တွေက ဘယ်လိုကွာဟမှုရှိသလဲ၊ တခြားနိုင်ငံတွေနဲ့ တည်ဆောက်နေတဲ့ပုံသဏ္ဍန်တွေ အားသာချက် အားနည်းချက်တွေနဲ့ ပတ်သက်ပြီးလေ့လာပါတယ်”
၈၈ မျိုးဆက် ြငိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေရဲ့ နော်ဝေနိုင်ငံခရီးစဉ်မှာ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မမီမီလွင်နဲ့ မစမ်းစမ်းမော်တို့ လိုက်ပါသွားြပီး အဖွဲ့ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဂျာမနီနိုင်ငံကို ဆက်လက်ထွက်ခွာြပီး ၂၁ ရက်နေ့အထိ ဂျာမန်ပါလီမန်၊ ဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေးပါတီတွေကို သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။