နှစ် ၉၉ သန်းက ပိတုန်း မြန်မာပြည်မှာ တွေ့ရှိ
2018.08.17
လွန်ခဲ့တဲ့ နှစ် ၉၉ သန်းက ပိတုန်းတစ်ကောင် ပိတ်မိနေတဲ့ ပယင်းကျောက်ကို မြန်မာနိုင်ငံက ရရှိခဲ့ပြီး သုတေသီတွေက စစ်ဆေးကြည့်တဲ့အခါ ပိတုန်းရဲ့မေးရိုးအောက်ခြေအမွှေးတွေမှာ သမိုင်းမတင်ခင်က ပေါက်ရောက်ခဲ့တဲ့ကျောက်ခက်ပင်လို ငှက်မွှေးသဏ္ဍာန်သစ်ရွက်ရှိတဲ့ အပင်ဖြစ်နိုင်ဖွယ်ရှိတဲ့ အပင်မျိုးစိတ်က ဝတ်မှုန်တွေတွေ့ရတယ်လို့ ဒီလ ၁၆ ရက်နေ့ထုတ် Current Biology မျက်မှောက်ဇီဝဗေဒ သိပ္ပံဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။
ပင်စည်ကတုတ်ပြီး နာနတ်သီးသဏ္ဍာန် ကန်တော့ပုံအသီးသီးတဲ့ အပင်က ဝတ်မှုန်တွေဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အဲဒီအပင်မျိုး အထီးပင်နဲ့ အမပင်ကို ပိတုန်းတွေက လွန်းပျံကူးများကူးသလားလို့ ထင်ထားခဲ့တာကြာညောင်းနေပြီး ဒီမျိုးစိတ် မြန်မာနိုင်ငံမှာရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။ သုတေသီတွေရဲ့ တွေးဆချက်ကို ဒီပယင်းကျောက်ထဲက ပိတုန်းက ခိုင်မာသွားစေတယ်လို့လည်း ပြောပါတယ်။
ဒီပိတုန်းကို အခြေပြုလို့ လွန်ခဲ့တဲ့ နှစ်သန်း ၂၅ဝ တုန်းက အပင်တွေနဲ့ ဝတ်မှုန်ကူးသူတွေရဲ့ ရှေးခေတ်က အဆက် အစပ်ကို သုတေသီတွေလေ့လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီ နှစ် သန်း ၂၅ဝ ဟာ ပန်းပင်တွေမပေါ်သေးဘဲ ဒိုင်နိုဆောတွေ ကမ္ဘာပေါ်မှာလျှောက်သွားတဲ့ အချိန်ရောက်လာဖို့ နှစ်ပေါင်းများစွာလိုသေးတဲ့ နှစ်ကာလဖြစ်ပါတယ်။