မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က စစ်ကောင်စီစခန်းကို AA သိမ်းယူ
2024.03.25

Updated 12:53 AM, Mar 25,24
မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့သလို စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ မောင်တောမြို့နယ်က နောက်ထပ် တပ်စခန်းတွေဖြစ်တဲ့ ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်း၊ တမန်းသား စစ်ကောင်စီစခန်းနဲ့ ဘူးသီးတောင်မြို့နယ်က ခြေမြန်တပ်ရင်း ခမရ - ၅၅၂ တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းတွေကိုရရှိဖို့ကို ထိုးစစ်ကို အရှိန်မြှင့်ထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် တစ်ကျော့ပြန်တိုက်ပွဲ လေးလကျော်အတွင်းမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွေကို ရက္ခိုင့်တပ်တော်(AA)က သိမ်းယူထားပါတယ်။