AA, TNLA နဲ့ MNDAA တို့ ညီလာခံ တက်ရောက်ခွင့် ရရှိဖို့ တောင်းဆို
2016.08.30

Photo: Myo Thant Khaing/RFA
၂၁ ရာစု ပင်လုံညီလာခံမှာ ရခိုင့်တပ်မတော် AA ၊ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်မတော် MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ တက်ရောက်ခွင့်ရရှိရေးအတွက် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို အဲဒီ ၃ ဖွဲ့တက်ရောက်ခွင့်မရတော့ပေမယ့် နောက်ပိုင်းနိုင်ငံရေး ဆင့်ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရသင့်ကြောင်း လက်မှတ်ရေးထိုး တောင်းဆိုသူတွေထဲမှာပါတဲ့ ရခိုင်အမျိုးသား ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
အခုလိုစာပေးပို့တာကို တအာင်းပလောင်ပါတီနဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် အယောက် ၂၀ ကျော်ကို စုပေါင်းလက်မှတ်ထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြတောင်းဆိုတာဖြစ်ပါတယ်။
အဲဒီလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို မနက်ဖြန် ညီလာခံတက်ရောက်ဖို့ အစိုးရကဖိတ်ကြားထားတာ မရှိသေးတဲ့အတွက် လက်နက်ကိုင်ပဋိပက္ခတွေ နောက်ထပ်ဖြစ်ပွားလာမှာ စိုးရိမ်ကြောင်းလည်း ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုစာမှာ ပါရှိပါတယ်။