အကယ်ဒမီ ၇ ဆုရှင် ဝါရင့်သရုပ်ဆောင် ညွန့်ဝင်း ကွယ်လွန်

2021.07.01
အကယ်ဒမီ ၇ ဆုရှင် ဝါရင့်သရုပ်ဆောင် ညွန့်ဝင်း ကွယ်လွန် အကယ်ဒမီ ရွှေစင်ရုပ် ၇ နဲ့ တွေ့ရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ညွန့်ဝင်း
.

အကယ်ဒမီ ၇ ဆု ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ညွန့်ဝင်းဟာ ဒီနေ့ ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်း မှာ ကွယ်လွန်ခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက ပြောပါတယ်။

သရုပ်ဆောင် ဦးညွန့်ဝင်း ဟာ အသက် ၈၂ အရွယ်ရှိပြီဖြစ်ပြီး လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

"လေးစားအားကျရပါသော ထပ်ဆင့် အကယ်ဒမီ ၇ ဆုပိုင်ရှင် မင်းသားကြီး (ဦးညွန့်ဝင်း) ကွယ်လွန်အနိစ္စ ရောက်သည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်" လို့လည်း အကယ်ဒမီ ခင်ဇာခြည်ကျော်က ဝမ်းနည်းကြောင်း သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

အကယ်ဒမီများရှင် ညွန့်ဝင်းဟာ ၁၉၆၈ ခုနှစ်က စပြီး “ဗန်တိုလူလေးနှင့် သူဇာ” ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီ ရရှိခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။