ရခိုင်အမျိုးသားပါတီ ပါတီဝင် ၃၇ ဦးကို ထုတ်ပယ်


2015.09.01
anp-office-620.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်အမျိုးသားပါတီ ANP က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေအပါအဝင် ပါတီဝင် ၃၇ဦးဟာ ပါတီစည်းကမ်းကို မလိုက်နာတဲ့အတွက် ထုတ်ပယ်လိုက်ကြောင်း ANP ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့အတွက် ပါတီတွင်းရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားပြီး သူတို့ဟာ တစ်သီးပုဂ္ဂလ ဒါမှမဟုတ် တခြားပါတီတွေကနေ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်တာကြောင့် ထုတ်ခံရတာဖြစ်တယ်လို့ ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ဦးခင်မောင်က ပြောပါတယ်။

"သူ့ဟာသူ ထွက်တာလည်းရှိတယ်၊ ပါတီကထုတ်တာလည်းရှိတယ်၊ လျှောက်လွှာမတင်ရင်လည်း ပါတီစည်းကမ်းနဲ့ မညီတဲ့ပုဂ္ဂိုလ်တွေကိုထုတ်တာပဲ"

ရခိုင်အမျိုးသားပါတီ ANP ဟာ ရွေးကောက်ပွဲဝင်ရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပါတီတွင်းရွေးကောက်ပွဲတွေကျင်းပပြီး အရင်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။  ANP ပါတီဟာ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်ထားပြီး အဲဒီကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီထံ တစ်ယောက် ကို ငွေကျပ် သိန်း၂၀စီ ပေးသွင်းရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။