တပ်မတော်နဲ့ အစိုးရကို ကချင်အမျိုးသားအစည်းအရုံး ဝေဖန်


2018.01.06
army-622.jpg လွတ်လပ်ရေးနေ့မှာ စစ်ရေးပြနေတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ်
Photo: RFA

ကချင်အမျိုးသားအစည်းအရုံး KNO က မြန်မာ့တပ်မတော်ရဲ့ ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေကို ရှုတ်ချကြောင်းနဲ့ လက်ရှိအစိုးရကလည်း တပ်မတော်ရဲ့လုပ်ရပ်တွေကို ကာကွယ်ပေးနေကြောင်း မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့ မြန်မာ့တပ်မတော်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ တာဝန်ရှိ တယ်လို့ ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ Duwa Bawmwang Laraw ဒူးဝါး ဘောင်ဝမ် လာရော် က RFA ကိုပြောပါတယ်။

ကချင်အမျိုးသားအစည်းအရုံးရဲ့ ကြေညာချက်မှာ မြန်မာ့တပ်မတော်ကို အစိုးရက မထိန်းသိမ်းနိုင်ရင် လူထုအုံကြွမှုဖြစ်လာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။ ဒီကြေညာချက်ကို မြန်မာအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေထံ ပေးပို့ထားတယ်လို့လည်း KNO ဥက္ကဌက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။