နိုင်ငံတော်ကာကွယ်ရေး တပ်မတော်ဦးဆောင်မယ့်ပုဒ်မ မပယ်ဖျက်ဖို့ တပ်ကိုယ်စားလှယ်ဆွေးနွေး
2020.03.03
တိုင်းပြည်လုံခြုံရေးကိုကာကွယ်ဖို့ တပ်မတော်က ဦးဆောင်ရမယ်ဆိုတဲ့ပုဒ်မကို ပယ်ဖျက်လိုက်ရင် ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြောလိုက်ပါတယ်။
လက်ရှိ အာဏာရ NLD ပါတီနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားမှာတော့ ဒီမိုကရေစီ စံနှုန်းနဲ့အညီ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချပြီး အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ ထားချင်ကြတာပါ။
RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားပါတယ်။
ရိုက်ကူး ။ သီဟထွန်း ၊ သက်စုအောင်