အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မရ

2022.08.01
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မရ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။
Photo: Ministry of Foreign Affairs Myanmar/Facebook

ကမ္ဘောဒီးယားနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်ကို တက်ခွင့်ပြုမှာမဟုတ်ဘူးလို့ အာဆီယံဥက္ကဋ္ဌရဲ့ ပြောခွင့်ရသူက တနင်္လာနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အရပ်ဘက်ကိုယ်စားလှယ်ကိုပဲ စေလွှတ်ဖို့ အာဆီယံအသင်းက ဖိတ်ပေမယ့် စစ်ကောင်စီဘက်က လက်မခံလို့ ဒီထိပ်သီးအစည်းအဝေးမှာလည်း မြန်မာကိုယ်စားလှယ်ထိုင်ခုံနေရာမှာ လစ်လပ်နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၃၁ ရက်ကနေ သြဂုတ် ၆ ရက်ထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မကွပ်မျက်ဖို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့က ပန်ကြားထားပေမယ့် စစ်ကောင်စီကအရေးတယူမရှိဘဲ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ဇူလိုင် ၂၃ ရက် ဝန်းကျင်မှာ အင်းစိန်ထောင်ထဲ ကွပ်မျက်လိုက်တဲ့အတွက် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေအပြင် အာဆီယံကပါ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။