ဧရာဝတီနဲ့ အကျဉ်းသားအရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

2011.09.30
assk-aungkyi-092011-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
NLD

တွေ့ဆုံပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ- မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ရပ်တန့်မယ့်အကြောင်း သမ္မတဦးသိန်းစိန်က လွှတ်တော်ကို သဝဏ်လွှာ ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။

“ကျမတို့ နားလည်သလောက်က ဒီမနက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီက သဝဏ်လွှာ ပို့တယ်လို့ ပြောပါတယ်။ ဒီသဝဏ်လွှာမှာ သမ္မတကြီးက နေပြီးတော့ ‘ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားမယ်’ လို့ ဒီလို မှာကြားလိုက်တယ်လို့ နားလည်ပါတယ်။ ကျမ အမြင်မှာတော့ ပြည်သူရဲ့အသံကို နားထောင်တဲ့အတွက် အင်မတန်မှ ကောင်းပါတယ်။ ဒီဟာ အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့် ကျမ ဒါကို ကြိုဆိုပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ဆွေးနွေးပွဲအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပူးတွဲကြေညာချက်တခုကို ဖတ်ပြခဲ့ပါတယ်။

“ယနေ့ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် စဉ်းစား ဆောင်ရွက်နေသည့်ကိစ္စ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီကြပါသည်”

အဲဒီနောက် သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-30 08:03

ကောင်းပါတယ်

Anonymous
2011-09-30 19:00

ဦးအောင်ကြည်လည်း အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆွေးနွေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ် အသက်အရွယ်ကလည်း ရလာပြီ အခုထိ သူများခိုင်းတာကို မလုပ်ချင် လုပ်ချင်နဲ့ ဟုတ်ကဲ့၊ အင်း လိုက်လုပ်နေမည့်အစား ကိုယ်တိုင် ဆုံးဖြတ်ချက် ရဲရဲ နဲ့ ဒါမျိုးတွေလုပ်ကြရအောင် ဒါမျိုးတွေကတော့ မကောင်းဘူး လို့  ဆွေးနွေးကြပါလား ။

Anonymous
2011-09-30 08:04

RFA ကိုစိတ်သင်စားလို့ပါ