ဒေါ်အောင်ဆန်းစုကြည် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ လှူဒါန်း
2012.04.17

ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်းတဲ့ငွေတွေကို ကွယ်လွန်သူ မိခင်ကြီး သီရိသုဓမ္မ ဒေါ်ခင်ကြည်အတွက် ရည်စူးပြီး ထူထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေနဲ့ ပေးအပ်လှူဒါန်းတာ ဖြစ်ပါတယ်။
ကော့မှူးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၆၂ စုထဲက ရွာသုံးရွာကို မဲနှိုက်ရွေးချယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အလှူငွေ ပေးအပ်ခဲ့ကြောင်း NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးသိန်းဦးက ပြောပါတယ်။
ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေပေးအပ်ဖို့ ကျေးရွာ ၃ ရွာကို မဲနှိုက်ရွေးချယ်ရာမှာ ဝါးဘလောက်သောက် ကျေးရွာအုပ်စု ကမာပတ်ကျေးရွာက ပထမဆု၊ ဆားတိုင်မွတ်ကျေးရွာက ဒုတိယနဲ့ ပုပ္ပါးကျေးရွာက တတိယ ရွေးချယ်ခံရပါတယ်။
လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၃၀၀ ထဲက ပထမဆု ၁၇၅ သိန်း၊ ဒုတိယဆု ၇၅ သိန်းနဲ့ တတိယဆု ကျပ် သိန်း ၅၀ ကို ဆုရတဲ့ကျေးရွာတွေရဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ လှူဒါန်းတာ ဖြစ်ပါတယ်။
ကော့မှူးမြို့နယ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လိုက်ပါသွားတဲ့ အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်စိုးရဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |