ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်နာယက ဦးခင်အောင်မြင့်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့မှာ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

2011.12.12
khin-aung-myint1-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။
AFP PHOTO/POOL/NYEIN CHAN NAING

လွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှာရှိတဲ့ ဦးခင်အောင်မြင့်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံချိန် တနာရီလောက် ကြာတယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ အခုလို တွေ့ဆုံတဲ့သတင်းကို ကြားရတာ ရှိပေမယ့် အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

လွှတ်တော်အကြီးအကဲ ဦးခင်မောင်မြင့်ဟာ အန်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုကြောင်း၊ ဒါဟာ ဖျောက်ဖျက်လို့ရတဲ့ ကိစ္စမဟုတ်ကြောင်း ရန်ကုန်တိုင်းမ် သတင်းဂျာနယ်နဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ မှတ်ပုံပြန်တင်မယ်ဆိုရင် လွှတ်တော် အကြီးအကဲဖြစ်တဲ့ မိမိနဲ့တကွ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေက ကြိုဆိုမှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်သူတွေ ရွေးချယ်မယ်ဆိုရင် လွှတ်တော်ထဲကို ရောက်ရှိလာမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝတဲ့ ပညာတတ်တယောက် ဖြစ်တာကြောင့် နိုင်ငံ တည်ဆောက်ရေးအတွက် အများကြီး အားကိုးရမှာ ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-16 22:10

လွတ်တော်ထဲကိုအမေစုသွားရင်တော့ပြောင်းလဲဘာမှာတော့ရှိမယ်ထင်ရပေမဲ့သူတို့တွေများနေတုန်းပဲလေဘာတွေတင်ပြလို့ဘာတွေုလုပ်လို့ရမှာလဲသူတို့ကအများကျန်သူကအနည်းလေဘာလုပ်လို့ရမှာလဲလွတ်တော်လဲအထဲမှာမဲပေးရတာပဲ