ကျမ်းကျိန် စာသားကိစ္စ နိုင်ငံရေးပြဿနာ မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်တွေ အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်နိုင်သေးတဲ့ ကိစ္စဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာ တစ်ခုသာဖြစ်ပြီး နိုင်ငံရေးပြဿနာ မဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

2012.04.26
assk-italian-fm-press-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်က အီတလီ နိုင်ငံခြားရေး ဝန်ကြီး Mr. Giulio Terzi di Sant' Agata နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။

ဒီအခြေနေဟာ ချောချောမွေ့မွေ့ ပြီးဆုံးမယ်လို့ မျှော်လင့်ကြောင်း၊ ဒီကိစ္စဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာတရပ်သာဖြစ်ပြီး နိုင်ငံရေးပြဿနာလို့ မယူဆကြောင်း၊ နိုင်ငံရေးအရ မဆုတ်သာ မတိုးသာတဲ့ အခြေအနေကို ရောက်ရှိစေရန် တွန်းအားပေးမှာ မဟုတ်ကြောင်း၊ ပါတီကို ထောက်ခံ အားပေးသူတွေလည်း တစ်သဘောထဲ ရှိမယ်လို့လည်း ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD ပါတီ ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ခဲ့တဲ့ အကြောင်းတွေထဲမှာ အခုစကားလုံး ပြဿနာလည်း အဓိက ပြဿနာတစ်ခုအဖြစ် ပါဝင်တယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး သမ္မတ ဦသိန်းစိန်ရဲ့ ရိုးသားတဲ့ သဘောထား အပြုအမူတွေအပေါ် ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ သမ္မတနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-26 05:19

အမြော်အမြင်ကြီးမားတဲ့ ပြောဆိုချက်လို့ ပြောပါရစေ။
ပြည်သူအများက မျှော်လင့်နေတဲ့ ပန်းတိုင်ကို ရောက်အောင်သွားပါ။
ပြည်သူ့ဆန္ဒကို အလေးအနက်ထားပါ။ ဒီအခြေအနေကို ရောက်ဖို့ ပြည်သူတွေ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရ၊ ပေးဆပ်ခဲ့ကြတဲ့ ပြည်သူတွေ ထိုက်တန်တဲ့ ဆုလာဘ်
ပြန်ရသင့်ပါပြီ။ နောက်ကြောင်းပြန်မလှည့်ပါနဲ့။

Anonymous
2012-04-26 22:30

ပြည်သူတရပ်လုံး အတွက်ကတော့ ညှိသင်တာညှိ၊ လျှောသင့်တာလျှော့၊ Postpone လုပ်သင့်တာ ခဏ Postpone လုပ်ထာပြီး၊ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် မြင်သာထင်သာရှိတဲ့ တိုးတက်မှု မြန်မြန်ရအောင် ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ပေးကြပါ ခင်ဗျာ။

Anonymous
2012-04-27 03:19

ဒေါ်စုကြည်းဟာ စစ်အစိုးရကို မလွန်ဆန်နိုင်တော့ပါ။နေရာတစ်ခုရခဲ့သောလည်း နောက်ပိုင်းတွင် ပါးစပ်ပိတ်၍ သာအဆုံးသတ်သွားပါလိမ့်မည်း။ ၈၈ ကျောင်းသားများ အတွက်တော့ မျှော်လင့်ချက်ရှိပါသေးသည်။