ပြည်ပရောက်မြန်မာများ နိုင်ငံထူထောင်ရေး ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ တတ်စွမ်းသမျှ ပါဝင်ကူညီလုပ်ဆောင်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
"ကျွန်မကိုယ်တိုင်လည်း မြန်မာနိုင်ငံကိုကယ်တင်နိုင်မယ်။ ကယ်တင်ရှင်ကြီးလို့ ဘယ်တုန်းကမှ စိတ်ထဲမှာ မထားခဲ့ပါဘူး။ ကျွန်မတတ်နိုင်သလောက် ရုန်းကန်ပြီးတော့ ကျွန်မတို့လိုလားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့စိတ်ပဲ ထားပါမယ်။ အဲဒီတော့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ဆိုပြီးတော့ မပြန်ခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ဝိုင်းပြီးတော့ ပြည်သူ ပြည်သားတွေနဲ့ ရုန်းကန်မယ်ဆိုတဲ့ စိတ်နဲ့ပဲပြန်ခဲ့ပါလို့ ကျွန်မပြောပြရစေ"
ဒါ့အပြင် ပြည်ပမှာရောက်ရှိနေထိုင်စဉ်အတွင်း ကိုယ့်ရဲ့ခလေးငယ်တွေကို မြန်မာစကား ပြောတတ်အောင် သင်ကြားလေ့ကျင့်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကို မနက် ၉ နာရီကနေ ၁၀ နာရီ ခွဲလောက်အထိ ဆန်ဖရန်စစ္စကို တက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီတက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့သလို ဆန်ဖရန်စစ္စကို မြို့တော်ဝန်ကလည်း ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင် တစ်ခုပေးအပ်ခဲ့ပါတယ်။ ဆန်ဖရန်စ္စကိုနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ မြို့အသီးသီးက မြန်မာ ငါးထောင်လောက် ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။