မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာ ဒီကနေ့မနက် ကျင်းပတဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

2012.05.18
assk-b305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
Photo courtesy of Wikipedia

ဒေသဆိုင်ရာ ကုလသမဂ္ဂရုံးတာဝန်ခံနဲ့ ဌာနေကိုယ်စားလှယ်တို့က မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ UNDP က ဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။

"UNDP ရုံးက ဒီရီဂျင်အတွက် တာဝန်ခံပေါ့နော်။ သူရယ် resident coordinator ရယ်၊ ဗမာပြည်အတွက် country programme ကိုရှင်းပြတာပါ။ အဲတာ Draft country programme ပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ချက်ကို ယူတာပါ။ ဒါကိုပဲ သူတင်ပြပါတယ်။ သူတို့ရဲ့ဘာကိုတင်ပြသလဲဆိုတာ သူတို့က အတည်မပြုရသေးတော့ အန်ကယ်တို့လည်း ပြောလို့မရပါဘူး"

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အသေးစားချေးငွေလုပ်ငန်းတွေ၊ သဘာဝဘေးဒဏ် ကာကွယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေး ကဏ္ဍတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ က လုပ်ဆောင်နေမှုတွေကို ရှင်းလင်းတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။