နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ
2010.11.26

AFP
New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောကြားတာနဲ့ ကွဲလွဲနေတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အဲဒီ လွှင့်သွားတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီက ဗိုလ်ချုပ်တွေကို ပြည်ပက နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့ ဆောင်ရွက်နေတာကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူးဆိုတဲ့ စာပိုဒ် ပါတယ်။ အဲဒီ တပိုဒ်လုံးကို သူ လုံးဝ မပြောပါဘူးတဲ့။ အင်တာဗျူးတုန်းက။ ကျနော်တို့ အားလုံးရှိနေတယ် အနားမှာ။ သူ လုံးဝ မပြောဘူး။ သူပြောတာက စစ်ခုံရုံးတင်ဖို့ သူ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ဆိုတာတော့ ပါတယ်။ နောက်တခု ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကိုယ့်ကို ထောက်ခံတဲ့လူတွေ ဆောင်ရွက်တဲ့ လုပ်ငန်း တစုံတခုကို သူတဦးတည်း သဘောနဲ့ မထောက်ခံဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူးတဲ့”
မြန်မာ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသား ဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ ပြစ်မှု Crime Against Humanity နဲ့ စစ်ရာဇဝတ်မှုတွေ မြောက်မမြောက် ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းရေး အဆိုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Thomas Quintana က ပြီးခဲ့တဲ့ မတ်လ အစီရင်ခံစာမှာ စတင် အကြံပြုခဲ့ပါတယ်။
ဒီ ကော်မရှင်ဖွဲ့စည်းရေး အဆိုကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် အပါအဝင် ဥရောပ နိုင်ငံတချို့နဲ့ သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံထားပါတယ်။