ဒေါ်အောင်ဆန်းစုကြည် သားနဲ့အတူ ရွှေတိဂုံ ဘုရားဖူး

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သားငယ် ကိုထိန်လင်း (Kim Aris) နဲ့အတူ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပြီး အပြန်မှာ ရန်ကင်း တိုက်သစ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကို ဦးအောင်သန်း ကွယ်လွန်ခဲ့တာ ၁၉ နှစ်ပြည့် ဆွမ်းကြွေးကို သွားခဲ့တယ်လို့ သိရပါတယ်။

2010.11.24
assk_kim_visit_shwedagon_305_z.jpg နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၁၀ ရက်အကြာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ၁၀ နှစ်ကျော် ခွဲခွါနေခဲ့ရသော သားငယ် ကိုထိန်လင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားသို့ တက်ရောက် ဖူးမျှော်နေစဉ်။
AFP

ရန်ကင်းက အပြန် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဌာနချုပ်မှာ ပြုလုပ်တဲ့ ပြည်တိုင်းများက အမျိုးသမီး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ညိုနိုင်းပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေး လုပ်ငန်းတွေ လုပ်ကိုင်သလို လူမူရေး လုပ်ငန်းတွေကိုပါ တွဲပြီး အင်တိုက်အားတိုက် လုပ်ကိုင်ဘို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်နဲ့ တိုင်းအသီးသီးက NLD အမျိုးသမီး အဖွဲ့တွေကို ဒီကနေ့ တွေ့ဆုံစဉ် မှာကြားသွားပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီခွဲက စတင် ကျင်းပတဲ့ ပြည်နယ် တိုင်း အသီးသီးက NLD ပါတီ ခေါင်းဆောင် အမျိုးသမီးများ တွေ့ဆုံပွဲမှာ အစည်းအဝေး တက်ရောက်သူ အမျိုးသမီး ၁၅၀ခန့် ရှိပြီး ချင်းပြည်နယ်နဲ့ ကယားပြည်နယ်က လွဲရင် ကျန်ပြည်နယ် တိုင်းအားလုံးက အမျိုုးသမီး ခေါင်းဆောင်တွေ တက်ရောက် ကြပါတယ်။

အမျိုးသမီး အဖွဲ့များအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချခံထားစဉ် အချိန်အတွင်း မိမိတို့ ပြည်နယ် တိုင်း အသီးသီးမှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကိုလဲ အသီးသီး တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် အစည်းအဝေး နောက်ပိုင်းမှာ အမျိုးသမီး စွမ်းရည် မြှင့်တင်နိုင်ရေး လုပ်ငန်းများ အကြောင်း ဆွေးနွေး တင်ပြခြင်းအပြင် မေးမြန်းချက် တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြား သွားပါတယ်။

ညနေပိုင်းမှာတော့ သြစတေးလျ သံအမတ်ကြီးနဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့တာလို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD အမျိုးသမီးများ အစည်းဝေးနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သားတွေ စုစည်းတင်ပြထား တာကိုလည်း နားဆင်နိုင်ပါတယ်။


ဆက်သွယ်မေးမြန်းချက် (၁)။
အသံဖိုင်ယူရန်
ဆက်သွယ်မေးမြန်းချက် (၂)။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။