NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို သြစတြေးလျ သံအမတ်ကြီး တွေ့ဆုံ
2010.09.23

(Photo: Courtesy of Burma Campaign Australia)
သံအမတ်ကြီးဟာ ဦးတင်ဦး မျက်လုံး ခွဲစိတ်ကုသခံယူမဲ့
ကိစ္စအတွက် ပုဂ္ဂိုလ်ရေးအရ လာရောက် သတင်းမေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံနဲ့
ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကိစ္စ၊ အမေရိကန် လွှတ်တော်အမတ်တွေထံ NLD ပါတီက
စာရေးခဲ့တဲ့ အကြောင်းကို မေးခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ ဒီ လူသားမဆန်တဲ့ ပြစ်မှု ကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ ဖွဲ့တာနဲ့ ပတ်သက်ပြီးတော့ ဆီနိတ်တာ အမတ်ခြောက်ယောက်ကနေပြီးတော့ ကျွန်တော်တို့ ကလင်တန်ကို တိုက်တွန်းစာလေး ရေးထားတယ်။ ဟို ထောက်ခံပြီးတော့ မစ္စတာ အိုဘားမား prisident ကို ရေးပေးဖို့ သူတို့ကနေ တောင်းဆိုတဲ့ စာပေါ့။ အဲဒီစာနဲ့ ပတ်သက်တဲ့ဟာကို ကျွန်တော်တို့က ရတဲ့အတွက် ကျွန်တော်တို့ ဆီနိတ်တာတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း၊ ဟီလာရီ ကလင်တန်ကိုလည်းပဲ မစ္စတာ အိုဘားမားကိုပေါ့လေ၊ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီဟာကို ထောက်ခံပြီး ရေးပေးဖို့အတွက် တိုက်တွန်းဖို့ စာကို ကျွန်တော်တို့က ရေးတဲ့စာ။ အဲဒါ ရေးလိုက်ဖူးတယ်လို့ ပြောတာပါ။”
ဒါ့အပြင် စိတ်ဝင်တစား မေးမြန်းတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေများ တွေ့ဆုံခွင့်မှာ ကြန့်ကြာနေတယ်လို့ သတင်းတွေ ဖြစ်နေကြောင်း မေးခဲ့တာဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ဒါ့အပြင် အဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ စည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အနှောင့်အယှက်တွေ တွေ့ကြုံရခြင်း ရှိမရှိလည်း သံအမတ်ကြီးက မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ သြစတြေးလျ သံအမတ်ကြီးနဲ့အတူ သံအရာရှိတဦး ပါဝင်ပြီး ဦးတင်ဦးရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက တနာခွဲကျော်ကြာအောင် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။