ရေကစားမဏ္ဏပ်တွေ ဗုံးရှာ ကိရိယာတပ်ရမည်

အခုနှစ် သြင်္ကန်ရေကစားမဏ္ဍပ်တွေမှာ ဗုံးရှာကိရိယာတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်တပ်ဆင်ပြီး လုံခြုံရေးတာဝန်ယူ ကြဖို့ ရန်ကုန်တိုင်းအေးချမ်းသာယာ ရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီ လုံခြုံရေး ညှိနှိုင်း အစည်းအဝေးက ညွန်ကြားခဲ့တယ်လို့ သိရပါတယ်။

2011.03.19
parliament_security_naypyidaw_305_z.png အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ဇန်နဝါရီ ၃၁ ရက်နေ့က ပထမဆုံး လွှတ်တော် အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ လိုက်ပါလာသော ဘတ်စ်ကားကို လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေး ရှာဖွေနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီနှစ်အတွက် ရေကစားမဏ္ဍပ်တွေကို အရေအတွက်နဲ့ ကန့်သတ်ခွင့်ပြုမှာ ဖြစ်ပြီး နာမည်ကြီး အနုပညာရှင် အတော်များများ ပျဉ်းမနားနေပြည်တော်က ရေကစားမဏ္ဍပ်တွေမှာ လာရောက် ဖျော်ဖြေကြဖို့ ညွန်ကြားချက်တွေကိုလည်း အဲဒီအစည်းအဝေးက ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြင်္ကန်အတက်နေ့က ကန်တော်ကြီးမှာ ရှိတဲ့ ‘အိတ်ချ်တူးအို’ ရေကစားမဏ္ဍပ်မှာ ဗုံးကွဲခဲ့ပြီး လူ ၁ဝ ဦး သေဆုံးခဲ့တဲ့အတွက် အခုနှစ်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်တာလို့ အဲဒီ ညွန်ကြားချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ် သြင်္ကန်အတွက် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်တွေကို သက်ဆိုင်ရာက ဧပြီလဆန်းက စခွင့်ပြုမှာ ဖြစ်ပြီး ဆောက်လုပ်ခွင့်ပါမစ် တခုကို သိန်း၂ဝ ကျော်နဲ့ ချပေးမယ်လို့ ရန်ကုန် မြို့တော်စည်ပင်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်ကတဆင့် စုံစမ်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။