မန္တလေးမှာ ဗုံးပေါက်ကွဲ လူလေးဦး ထိခိုက်ဒဏ်ရာရ
2021.10.18
မန္တလေးမြို့တော် စည်ပင်ကော်မတီရုံးအနီးနဲ့ ပြည်တွင်းအခွန်ရုံးဝင်းထဲမှာ ဒီကနေ့ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွား ခဲ့ပြီး ဝန်ထမ်း သုံးဦးနဲ့ အခွန်ဆောင်လာတဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စည်ပင်သာယာရေးကော်မတီရုံးအနီး ကနဦးပေါက်ကွဲမှုမှာ ဝန်ထမ်း နှစ်ဦးနဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာန ရုံးဝင်းထဲ ပေါက်ကွဲမှုမှာတော့ ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ဆိုပါတယ်။
ဒီဖောက်ခွဲမှုတွေထဲမှာ စည်ပင်သာယာရေးကော်မတီရုံးအနီး ဖောက်ခွဲမှုကိုတော့ Justice Mandalay People Defense Force အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ညနေပိုင်းက လူမှုကွန်ယက်မှာ ထုတ် ပြန်ထားပါတယ်။