ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို ထောင်သုံးလစီ အမိန့်ချ


2020.08.06
david-lah-622.jpg တရားဟောဆရာ စောဒေးဗစ်လားကို ၂၀၂၀၊ မေ ၂၀ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ တွေ့ရစဉ်
ဓာတ်ပုံ - သန့်ဇင်ဦး/ RFA

ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ ဦးဝေထွန်း တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က)အရ အလုပ်နဲ့ ထောင်ဒဏ် သုံးလကျခံစေဖို့ ဒီကနေ့ မရမ်းကုန်းမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

သူတို့ နှစ်ဦးကို ကနဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့ပေမယ့် နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲကြားနာချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က)နဲ့ တရားရုံးကပုဒ်မ ပြောင်းလဲအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးစည်းကမ်းတွေ ထုတ်ပြန်ထားတဲ့ကာလအတွင်း လူစုလူဝေးနဲ့ တရားပွဲ ပြုလုပ်ခဲ့မှုနဲ့ သူတို့နှစ်ဦးကို အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မနဲ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ မေလ ၂ဝ ရက်နေ့က စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အခုချမှတ်လိုက်တဲ့ ထောင်ဒဏ်သုံးလမှာ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုတာကြောင့် သူတို့ နှစ်ဦးဟာ လာမယ့်သီတင်းနှစ်ပတ်အတွင်း ပြန်လည်လွတ်မြောက်လာမှာပါ။

အမှုမှာ တရားလိုပြသက်သေအနေနဲ့ အဆိုတော် မျိုးကြီးအပါအဝင် လူပုဂ္ဂိုလ် (၁၂) ဦးတို့ကိုစစ်ဆေး ခဲ့ပြီး စွပ်စွဲခံရသူဘက်မှ ပြန်ခေါ်သက်သေ (၆)ဦးကိုလည်း စစ်ဆေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။