ကြက်သားစားပွဲတော် ကျင်းပ


2017.08.06
chicken-festival-622.jpg ရန်ကုန်မြို့ ပြည်သူ့ဥယျဉ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က ကြက်သားစားပွဲတော်ကို ကျင်းပနေစဉ်
Photo: Aung Thain Kha/ RFA

ပြည်သူတွေကြားမှာ ကြက်သားစားရင် H5N1 ရောဂါဖြစ်မယ်ဆိုပြီးစိုးရိမ်မှုတွေ မရှိကြဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန် မြို့ ပြည်သူ့ဥယျာဉ်မှာ ဒီကနေ့ ကြက်သားစားပွဲတော်ကို ကျင်းပပါတယ်။

ကြက်ငှက်တုပ်ကွေး H5N1 ရောဂါးပိုးဟာ ကြက်ကြောင့်ဖြစ်တာမဟုတ်ဘဲ ငှက်ရိုင်းတွေမှာ တွေ့ရှိတာ ဖြစ်တဲ့ အတွက် ကြက်ဥ၊ ကြက်သားစားသုံးရုံနဲ့ မဖြစ်ပွားနိုင်ဘူးလို့ တက်ရောက်ခဲ့တဲ့ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဒေါက်တာသန်းလှက ပြောပါတယ်။

"ဒီဟာက ငှက်တွေနဲ့ဆိုင်တယ် ငှက်တွေက ငှက်ရိုင်းတွေနဲ့ သွားပြီးတော့ ထိတွေ့တယ်၊ ဒါငှက်တွေရဲ့ တုပ်ကွေးရောဂါ တစ်မျိုးပေါ့နော်၊ ဒီသဘာဝငှက်တွေမှာ ဒီလောက်မဆိုးဘူး ကြက်တွေ ကျရင် တော်တော်သေတာကြမ်းတယ် သေတာကြမ်းတာလည်းပဲ ဖျက်စရာအကြောင်းမရှိဘူး၊ H5N1 က ရံဖန်ရံခါ လူတွေကို ကူးတတ်တာ လူကိုကူးတာကို မလိုလားတဲ့အတွက် ကြက်တွေကို ဖျက်ဆီးလိုက်တာ"


ပြီးခဲ့တဲ့ ဇူလိုင်လက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အတွင်းမှာ ကြက်ငှက် တုပ်ကွေး H5N1 ရောဂါးပိုး တွေ့ရှိခဲ့တာအပြင် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် လူအသေအပျောက် ရှိခဲ့တာကြောင့် ပြည်သူတချို့က ကြက်သားမစားရဲကြဘဲဖြစ်နေတဲ့အတွက် ဒီကနေ့ ကြက်သားစာပွဲကို ကျင်းပ တာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ H5 N1 ကြက်ငှက်တုပ်ကွေးရောဂါကို ၂၀၀၆ ခုနှစ်မှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အလားတူ ကြက်သားစား ပွဲတော်တွေကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ နဲ့ နေပြည်တော်မှာလည်း ပြုလုပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။