သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် တရုတ်သံပိုက်လုံးကြီးများ စတင်သယ်ပို့
2011.05.13

အဲဒီ သံပိုက်လုံးကြီးတွေကို သွယ်တန်းပြီး ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့ဆောင်ဖို့ ဖြစ်မယ်လို့ အများက ပြောဆိုနေကြတယ်လို့လည်း ဖော်ပြပါရှိပါတယ်။
တချိန်တည်းမှာပဲ တအောင်း ခေါ် ပလောင်လူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ရှမ်းပြည်နယ် အတွင်းက နမ်းခမ်း ၊ မန်ဝီ ၊ နမ္မတူနဲ့ မန်စံ စတဲ့ ဒေသတွေမှာ အဲဒီပိုက်လိုင်း ဖြတ်သန်းသွားဖို့ အတွက် တိုင်းတာမှုတွေ ပြုလုပ်နေတယ်လို့ အဖွဲ့ အထွေထွေ အတွင်းရေးမှူး မိုင်အောင်ကိုက ပြောပါတယ်။
အဲဒီလို ဓာတ်အားလိုင်း ဖောက်လုပ်မယ်ဆိုရင် သူတို့ လူမျိုးတွေအနေနဲ့ လယ်မြေတွေ ထပ်ပြီး အသိမ်းခံရတာမျိုးတွေနဲ့ ကြုံတွေ့ရမှာ ကို စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။
ပလောင်ဒေသမှာ အရင်က တရုတ်ပြည်ကို လျှပ်စစ် ဓာတ်အားလိုင်း ပို့ဆောင်ဖို့အတွက် ရွှေလီအမှတ် ၁ ခေါ် ဓာတ်တိုင်တွေ တည်ဆောက်ခဲ့စဉ်ကလည်း ဒေသခံ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေ အဓမ္မ အသိမ်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။