ကျောက်မီးသွေးစက်ရုံကို ဥပဒေနဲ့ အညီ ကြီးကြပ်ပေးဖို့ တိုက်တွန်း


2013.09.10
ushweman-dawei-305.jpg တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ စက်တင်ဘာလ ၉ ရက်နေ့က သူရဦးရွှေမန်း ဒေသခံများနဲ့ တွေ့ဆုံစဉ်
photo: RFA/ Kyaw Lwin Oo

တနင်္သာရီတိုင်း ကော့သောင်းမြို့ ရွှေပြည်သာ နဲ့ အေးရိပ်ငြိမ်ရပ်ကွက်တွေအနားမှာ တည်ဆောက် ထားတဲ့ ကျောက်မီးသွေးစက်ရုံကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်ပေးဖို့ ကော့သောင်းမြို့အခြေစိုက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ခေါင်းဆောင်တွေ က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဒီနေ့ တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ နိုင်ငံရေး ပါတီခေါင်းဆောင်တွေအပြင် ဒေသခံပြည်သူတွေနဲ့ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံစဉ်မှာ တင်ပြခဲ့ တာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်းက RFA ကို ပြောပါတယ်။

"အန္တရာယ်ရှိတဲ့ ကျောက်မီးသွေးစက်ကို ပြည်သူ လူထု အမြောက်အများနေတဲ့နေရာမှာ လာဆောက် ထားတဲ့ကိစ္စ၊ ပြီးတော့ ကျောက်မီးသွေး စက်ရုံက တစ်ယူနစ်ကို ၃၇၀ ကနေ ၉၀၀ အထိ ကောက်ခံနေ တဲ့အကြောင်း၊ အဲဒီဟာတွေကို လွှတ်တော်မှာရှိတဲ့ ဥပဒေအတိုင်း ပြန်လည်ပြုပြင်ပေးသင့်ကြောင်းကို ကျွန်တော်ကတင်တာ"

အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတွေကလည်း ကော့သောင်းမြို့မှာ ပုံမှန်လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ တနင်္သာရီတိုင်း ထားဝယ်မြို့က ဒေသခံတွေနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။