တောင်ကုတ်မြို့ ၁ဝ လောင်းပြိုင် လူသတ်မှု စတင်စစ်ဆေး
2013.09.02

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ရိုးမသစ္စာအဝေးပြေးကားနဲ့ စီးနင်းလိုက်ပါသွားတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အချို့ အပါအဝင် ၁ဝ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းခံထားရသူ တောင်ကုတ်မြို့ခံ ၇ ဦးအမှုကို သံတွဲခရိုင်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးပါတယ်။
ဒီအမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးတင်အောင်က RFA ကို အခုလိုပြောပါတယ်။
“ဒီနေ့ တရားလိုပြသက်သေ ကားမောင်း ဒရိုင်ဘာ နောင်နောင်(ခေါ်)ဦးတင်နောင်ကို စစ်တာပေါ့နော်၊ သက်သေတစ်ယောက်ပဲ စစ်လိုက်ရပါတယ်၊ နောက် ၁ဝ ရက် ၉ လနေ့ကို ရွှေ့လိုက်ပါတယ်”
ပြီးခဲ့တဲ့နှစ် ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့မှာ ရန်ကုန်ကနေခရီးသွားတဲ့ အစ္စလာမ်ဘာသာဝင် ၁ဝ ဦးဟာ လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က သံသယရှိသူ တောင်ကုတ်မြို့ခံ ၆ ဦးကို ရဲဘက်ကဖမ်းဆီးခဲ့ြပီး ကျန် ၁ ဦးကို မန္တလေးမှာ ဖမ်းဆီးခဲ့တာပါ။
ဒီအမှုကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၃၄ လူသတ်ရန် လူစုလူဝေးဖြင့် ကြိုတင်ကြံစည်မှု စတဲ့ပုဒ်မတွေနဲ့ ြပီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က တရားစွဲဆိုထားတာဖြစ်ပါတယ်။