တောင်ကုတ်မှာ လူ ၁၀၀၀ နီးပါး တန်ပြန်ဆန္ဒပြ


2015.03.05

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ တရားရေးမဏ္ဍိုင်ကို တည့်မတ်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုဟာ ဒေသတည်ငြိမ် ဖွံ့ဖြိုးရေးကို ထိခိုက်စေတယ်ဆိုပြီး လူ ၁၀၀၀ လောက်နီးပါးလောက်က တောင်ကုတ်မြို့မှာ တန်ပြန်ဆန္ဒပြခဲ့ကြ ပါတယ်။

တရားစီရင်ချက်ကို မကျေနပ်ရင် အဆင့်ဆင့် အယူခံဝင်ခွင့်ရှိတဲ့အတွက် ဆန္ဒပြဖို့မလိုအပ်ဘူးလို့ ဒီကနေ့ ဦးဆောင်ပါဝင်သူ မြို့ခံတစ်ဦးဖြစ်တဲ့ ဦးသန်းမြင့်က ပြောပါတယ်။

"တရားသူကြီးကို မကျနပ်လို့ရှိရင် အဆင့်ဆင့် အယူခံဝင်ခွင့်ရှိပါတယ်၊ ဆန္ဒပြစရာမလိုပါဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆန္ဒပြခြင်းဖြစ်ပါတယ်၊ ပုဂ္ဂလိက ခံစားမှုတစ်ခုအတွက်နဲ့တော့ အဲ့လိုမျိုးဖြစ်စရာမလိုဘူးဆိုတဲ့ ရည်ရွယ်ချက်တွေ ကျနော်တို့ဆီမှာရှိပါတယ်၊ ကျနော်တို့မြို့ကို တည်ငြိမ်စေချင်ပါတယ်၊ အေးချမ်းေစချင်ပါတယ်၊ တိုးတက်ေစချင်ပါတယ်၊"

ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာဟာ အုပ်ချုပ်ရေးပိုင်းတွေကိုလည်း ထိခိုက်စေတယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ်တရားရုံးမှာ အကျင့်ပျက်ခြစားမှုတွေရှိနေပြီး အမှုတွေကို မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့ ဒေသခံ ၁၀၀ လောက်က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

အဲဒီနေ့က ဆန္ဒပြပွဲကို ဒီကနေ့ တန်ပြန်ဆန္ဒပြနိုင်ဖို့ အာဏာပိုင်တွေနဲ့ ဆက်နွယ်ပတ်သက်နေသူတွေ က ကျေးလက်ဒေသက လူတွေကိုခေါ်ယူပြီး ဆောင်ရွက်စေခဲ့တာလို့လည်း တောင်ကုတ်မြို့ခံတွေ က ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။