သတင်းမီဒီယာကို ဆင်ဆာဖြတ်နေတာဟာ အစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေ
2011.09.20

Photo: RFA
ထိုင်းနိုင်ငံ အခြေစိုက် CPJ အရှေ့တောင်အာရှရေးရာ ဌာနေကိုယ်စားလှယ် Shawn Crispin ရေးသားတဲ့ သတင်းစာလွတ်လပ်ခွင့်ကို လျစ်လျူရှုထားတဲ့ မြန်မာနိုင်ငံက အသွင်ကူးပြောင်းခြင်းလို့တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ In Burma, transition neglects press freedom အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာပါ။
အစိုးရဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အလေးအနက် ထားတယ်ဆိုရင် စိစစ် ဖြတ်တောက် တာ မရှိဘဲ သတင်းစာ ဆရာတွေအားလုံး ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သတင်းရယူ တင်ပြနိုင်ခွင့် အာမခံချက် ပေးသင့်ပါတယ်။ ခုထိတော့ အစိုးရအနေနဲ့ ဒီလိုလုပ်ပေးမယ့် ရည်ရွယ်ချက် ရှိတဲ့ပုံ အရိပ်အယောင်တောင် မမြင်ရပါဘူးလို့ Mr.Crispin က RFA ကို ပြောပါတယ်။
အစိုးရသစ်ဟာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ထားတဲ့ ဥပဒေတွေကို ခုထိ ပယ်ဖျက်တာပဲ ဖြစ်ဖြစ် ပြင်ဆင်တာပဲ ဖြစ်ဖြစ် မရှိသေးဘဲ မနှစ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပြီးမှာ သတင်းစာဆရာ နှစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀ ဝန်းကျင် ချမှတ် ခဲ့တယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
အကျဉ်းချထားတဲ့ သတင်းထောက်တွေကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့၊ သတင်းထောက် တွေကို ဖမ်းဆီးနှောင့်ယှက် နေတာတွေ ရပ်တန်းက ရပ်ဖို့ကိုလည်း CPJ က မြန်မာအစိုးရကို တိုက်တွန်း ထားပါတယ်။
ဒီအကြောင်း အစီရင်ခံစာ ရေးသားသူနဲ့ ဘန်ကောက်မြို့မှာရှိတဲ့ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် တွေ့ဆုံ မေးမြန်းထားတာကို တဆက်ထဲနားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |