မဲပေးနိုင်သူ အမည်စာရင်းများ စစ်ဆေးကြည့်ရှုဖို့ တိုက်တွန်း


2015.03.24

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့သူ အမည်စာရင်းတွေကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၀ မြို့ နယ်မှာ ကြေညာတော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့အမည်စာရင်းတွေ ပါမပါ သွားရောက်ကြည့်ရှု ကြဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လိုက်လံနှိုးဆော်နေပါတယ်။

မဲပေးခွင့်ရှိသူတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေး မဆုံးရှုံးရဖို့အတွက် မဲစာရင်းက ဘယ်လောက်အရေးကြီးတယ် ဆိုတာကို မြို့နယ်တွေမှာ အသိပညာပေးဆွေးနွေးနေတာဖြစ်တယ်လို့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု (မြန်မာ) အဖွဲ့က မရွှေရည်ဝင်းက ပြောပါတယ်။

"၂ဝ၁၅ ရွေးကောက်ပွဲမှာ တကယ်ကိုမဲပေးခွင့်ရှိတဲ့သူတွေဟာ သူတို့မဲပေးခွင့်ရှိတဲ့ အခွင့်အရေးကို ရရှိစေဖို့အချက်ပေါ့နော်၊ ဘာ့ကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဆိုရင် မဲစာရင်းမှာပါဝင်ပေမဲ့ မဲလာမပေးတဲ့သူနှုန်းမြင့်တယ်လေ၊ နောက်တစ်ခုက တရားမျှတပြီးတော့ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အဓိကက ပြည်သူတွေက အရေးကြီးတယ်ပေါ့နော်၊ ပြည်သူတွေပူးပေါင်းပါဝင်မှ ဒါဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက် ကျမတို့ကလုပ်ရခြင်းဖြစ်ပါတယ်၊ မဲစာရင်းက ဘယ်လောက်အရေးကြီးသလဲဆိုတာကိုတော့ ဆွေးနွေးပွဲပုံစံလေးနဲ့ အဲ့မဲစာရင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေ အဲ့လိုမျိုးဟာတွေပေးတာပေါ့နော်"

လာမယ့် မတ်လ ၃၀ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံ၊ လသာ၊ ဆိပ်ကြီးခနောင်တို၊ ကျောက်တံတား၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စတဲ့ ၁၀ မြို့နယ်မှာ မဲပေးနိုင်သူစာရင်းတွေကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြေညာထားမှာဖြစ်ပါတယ်။

အဲဒီမဲစာရင်းမှာ မပါဝင်သူတွေ သို့မဟုတ် သေဆုံးသွားပြီးသူတွေ မဲစာရင်းမှာပါနေတာတွေရှိရင် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပြင်ဆင်ပေးဖို့ တင်ပြရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။