ရေကာတာကိစ္စ ကိုယ်စားလှယ်တွေနဲ့ တာလုံဒေသခံတွေ တေ့ွဆုံ
2018.08.11

နမ္မတူမြစ်ပေါ်မှာ ရေကာတာတွေဆောက်နေတဲ့ကိစ္စနဲ့ တာလုံကျေးရွာဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို လွှတ်တော်ကိုယ်စားလှယ် ၄ဝ နဲ့ ဒေသခံတွေ ဒီနေ့ တေ့ွဆုံဆွေးနွေးကြမယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ် ကျေးရွာအုပ်စု တာလုံကျေးရွာမှာ ဒီနေ့ နေ့လယ် ၁ နာရီမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
နမ္မတူမြစ်ဖြတ်သန်းတဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့မှာ ရဲရွာရေကာတာကို ၂ဝ၁ဝ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အဲဒီမြစ်ပေါ်မှာပဲ နောက်ထပ် ရေကာတာ ၄ ခု ဆောက်ဖို့ စီစဉ်နေတာပါ။ မန္တလေး တိုင်းဒေသကြီးမှာ ရေကာတာ တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၃ ခုဆောက်လုပ်မှာဖြစ်ပါတယ်။
အဲဒီစီမံကိန်းတွေဟာ ဒေသခံတွေကို ထိခိုက်နေပြီး သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေကိုပါ ခြိမ်းခြောက်နေ တာကြောင့် ရေကာတာတွေ တည်ဆောက်တာကို ရပ်တန့်ပေးဖို့ သီပေါမြို့နယ် အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကန့်ကွက်နေကြတာဖြစ်ပါတယ်။