ဒေါ်အောင်ဆန်းစုကြည် ကနေဒါနဲ့ ဆွီဒင် ချစ်ကြည်ရေးခရီးထွက်


2017.06.05
dassk-canada-sweden-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံ တို့ိကို တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ဖို့ ဇွန်လ ၄ ရက်နေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံနဲ့ ဆွီဒင်နိုင်ငံ တို့ကို တရားဝင် ချစ် ကြည်ရေးခရီးစဉ်အဖြစ် မနေ့ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး၊ ဆွီဒင်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ အော်ရိ ဘန်အာလင်းနဲ့ ဝန်ကြီးချုပ် စတီဖန်လိုဗန်တို့ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တာ ဖြစ်ပါတယ်။ ဇွန်လ ၅ ရက်ကနေ ၉ ရက်နေ့အထိ ကြာမြင့်မယ့် ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနဲ့ ဆွီဒင်နိုင်ငံတွေမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အဆင့်ဆင့် ပြောင်းလဲ ကျင့်သုံးခဲ့တာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။