ဒေါ်အောင်ဆန်းစုကြည် ဆွီဒင် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ
2017.06.12

Photo: Jonathan NACKSTRAND/ AFP
ဆွီဒင်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက ဆွီဒင်ဝန်ကြီးချုပ် Stefan Löfven နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆွီဒင်အစိုးရ ကနဦးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်ဝန်ကြီးချုပ်နဲ့မတွေ့ဆုံခင်မှာ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Margot Wallström နဲ့ တွေ့ဆုံပြီး နေ့လည်စာအတူ စားသုံးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံမှာ နှစ်ရက်ကြာလည်ပတ်မှာဖြစ်ပြီး မနက်ဖြန်မှာ ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ ရှိတယ်လို့လည်း ဆွီဒင်အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒေသစံတော်ချိန် မနေ့ညနေ ၇ နာရီ ခွဲလောက်က ကနေဒါနိုင်ငံကနေ ဆွီဒင်နိုင်ငံကို ခရီးဆက်ခဲ့တာဖြစ်ပြီး၊ ဒီကနေ့နေ့လယ် ၈ နာရီမှာ ပြင်သစ်နိုင် ငံလေဆိပ်ကို ရောက်ရှိပြီး၊ မွန်းလွဲ ၁ နာရီလောက်မှာ စတော့ဟုမ်းမြို့ကို ရောက်ရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆွီဒင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနဲ့ သံရုံးဝန်ထမ်းတွေ၊ ဆွီဒင်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက လေဆိပ်မှာ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။