ကာဒီနယ်လ် ချားလ်စ်မောင်ဘို ဒေါ်အောင်ဆန်းစုကြည်ဘက်က ကာကွယ်ပြောဆို


2017.11.17
charlesbo-622.jpg ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကို တွေ့ရစဉ်
Photo: RFA

မြန်မာ့တပ်မတော်က မွတ်စလင်ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူမျိုးတစ်စုကွယ်ပျောက်အောင် သုတ်သင် ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုနေတာဟာ တိုင်းပြည်အတွက် အထောက်အကူမဖြစ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကတ်သလစ်ခရစ်ယာန် သာသာပိုင်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ဒီနေ့ ပြောလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မလာခင် သီတင်းတစ်ပတ်အလိုမှာ AP သတင်းဌာနကို ပြောလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စကို အစောကြီးကတည်းက ရှင်းရှင်းလင်းလင်း  ထုတ်ဖေါ်ပြောဆိုသင့်ခဲ့ ပါတယ်၊ ဒါပေမဲ့ အခြေခံဥပဒေအရ သူ့မှာ တပ်မတော်ကို  ဘာမှပြောပိုင်ခွင့်မရှိဘူးလို့လည်း ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။  တပ်မတော်နဲ့ညှိနှိုင်းဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့နည်းသူ့ဟန်နဲ့  လိမ်လိမ်မာမာ ပါးပါးနပ်နပ် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် ရှောင်ကျဉ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ပန်ကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။