ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားတာကို ချီးကျူး

လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့ က ရွှေနဒီပရဟိတ ဘုန်းတော် ကြီးကျောင်းရှေ့ကွင်းပြင်မှာ ဒီကနေ့ လူထု ပရိသတ် ၂ သောင်းကျော်ကို အခုလို ပြောကြားလိုက်ပါတယ်။

2012.12.09
dassk-kyaukpadaung-305 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းတောင်မြို့ခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားနေစဉ်
Photo: RFA/Nay Myo Htun

"ကျွန်မတို့သွားတဲ့အခါမှာ လူငယ်လေးတွေ တက်တက်ကြွကြွနဲ့ လာကြိုရင်ဝမ်းသာတယ်၊ ကျွန်မကို လာကြိုလို့ဝမ်းသာတာထက် သူတို့ နိုင်ငံရေးဗီဇ ရောက်သွားတာမို့လို့ ဝမ်းသာတာပါ၊ သူတို့တွေဟာ အသက်ကြီးလာတဲ့အခါမှာ နိုင်ငံရေးကို ပိုပြီးတော့ ရင့်ရင့်ကျက်ကျက်နဲ့ တက်တက်ကြွကြွလုပ်နိုင်မှာပါ"

ဒီကနေ့ ဟောပြောတဲ့ လူထုမိန့်ခွန်းမှာ ဘွဲ့ရအလုပ်လက်မဲ့ပြသနာ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအကြောင်းတွေကို အဓိကထား ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာ မကွေးမြသလွန်ဘုရားကွင်းမှာ မြို့ခံလူထုတွေကို ဟောပြောခဲ့ပြီး ရေနံချောင်းမြို့နဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ သွားရောက်ဟောပြောခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံ၊ ညောင်ဦးမြို့လေဆိပ်မှ ရန်ကုန်မြို့သို့ ညနေ ၅ နာရီမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့ ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။