မြန်မာအလုပ်သမားတွေကို ကာကွယ်ဖို့ ထိုင်းဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည် ပြော


2018.08.14
dassk-thai-fm-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်း တို့ ၂၀၁၈ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်းနဲ့ မနေ့က တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ဖို့ အတွက် ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးနဲ့ မြန်မာနဲ့ ထိုင်း သံတမန် ဆက်သွယ်မှု နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

ဝန်ကြီး မွတ်ဝီနိုင်းနဲ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ပါတယ်။ အဲဒီ အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံဟာ သန်းနဲ့ချီတဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင်နဲ့ အတွေ့အကြုံတွေ ပေးအပ်နေသလို အပြန်အလှန်အားဖြင့် မြန်မာ အလုပ်သမားတွေကလည်း ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။